Connect with us

Latin America

ဘရာဇီးနိုင်ငံ အမေဇုန် ဒေသတွင် သင်္ဘောနစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၁၉ဦးသေဆုံး

ဘရာဆီးလီးယား၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း အမေဇုန်ဒေသအတွင်းရှိ ပါရာပြည်နယ် တွင် လူဦးရေ ၇၀ခန့် လိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ ၁၉ဦး သေဆုံးပြီး အခြားလူများစွာ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ရီဘိုင်ရို ကိုမန်ဒါ အမည်ရှိ သင်္ဘောသည် သြဂုတ် ၂၂ ရက် သန်းခေါင်ယံ နှင့် သြဂုတ် ၂၃ ရက် နံနက်အစောပိုင်း အကြားတွင် ပေါ်တို ဒီ မို့ဇ် မြို့အနီး ရှိ ဆင်ဂူမြစ်၌ နစ်မြုပ်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အများပြည်သူလုံခြုံရေးရုံးက ထုတ်ပြန်ခဲ့သည်။

Folha de S.Paulo သတင်းစာ က ယင်းသင်္ဘောသည် သြဂုတ် ၂၁ ရက်ညပိုင်းတွင် ဆန်တာရန်မြို့မှ ထွက်ခွာလာပြီး ဝိတိုရီယဒီဆင်ဂူမြို့သို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်း ၁၉လောင်းကို အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ပြီး လူ၂၅ဦး ကမ်းခြေကို ပြန်လည်ရောက်ရှိလာကာ လူ၃၀ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အများပြည်သူလုံခြုံရေးရုံးက ပြောကြားခဲ့သည်။

သင်္ဘောနစ်မြုပ်ရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.