Connect with us

Latin America

အမေရိကန် နိုင်ငံ ၏ ခြိမ်းခြောက်မှု ကို ရင်ဆိုင်ရန် အတွက် ဗင်နီဇွဲလား နိုင်ငံ က စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကပ်စ် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က သြဂုတ်လ ၁၄ ရက်နေ့၌ အမေရိကန် နိုင်ငံ ၏ စစ်ရေးအရ ခြိမ်းခြောက်မှု ကို ရင်ဆိုင် နိုင်ရန် အတွက် သြဂုတ်လ ၂၆ ရက် နှင့် ၂၇ ရက် တို့တွင် စစ်တပ် နှင့် ပြည်သူ ပူပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Maduro က မိမိ အနေဖြင့် စစ်တပ်အား စစ်ရေးလေ့ကျင့်မှု ပြန်လုပ်ရာ တွင် လိုအပ်သော ပြင်ဆင်မှု များကို ဆောင်ရွက် စေခဲ့ကြောင်း ၊ နိုင်ငံတော်၏ ဘက်စုံ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ခြင်းအားဖြင့် ဗင်နီဇွဲလား နိုင်ငံ ၏ အချုပ်အခြာအာဏာ နှင့် ငြိမ်းချမ်းရေး ကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Maduro က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် လတ်တလော ရက်ပိုင်း က ဗင်နီဇွဲလား နိုင်ငံ အပေါ် စစ်ရေးဆောင်ရွက်မည် ဟု ခြိမ်းခြောက် သဖြင့် အမေရိကန် နိုင်ငံ ၏ ဗင်နီဇွဲလား နိုင်ငံ အပေါ် ဝင်ရောက် စွက်ဖက်မည့် မူဝါဒ သည် နောက်ဆုံး အဆင့်သို့ရောက် ရှိသွားပြီး ဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့် အစိုးရ ၏ ဗင်နီဇွဲလား နိုင်ငံ အတွင်း မူဝါဒ ဆန့်ကျင်ရေး နှင့် ဖျက်ဆီးရေး လုပ်ငန်းများ ကျဆုံး သွားသဖြင့် ၎င်းတို့ က မျက်နှာဖုံး ကို ခွာချလိုက်ပြီး ဗင်နီဇွဲလား နိုင်ငံ နှင့် ပေါ်ပေါ်ထင်ထင် အတိုက်အခိုက်များ ဆောင်ရွက် လာကြောင်း ပြောကြား ခဲ့သည်။

Maduro က ပြည်သူလူထု အားလုံး အတူတကွ နိုင်ငံတော် အချုပ်အခြာအာဏာ ကို လက်တွဲ ပူးပေါင်းကာကွယ်ကြရန် တောင်းဆိုခဲ့ပြီး ဒေါ်နယ်ထရမ့် ၏ ဗင်နီဇွဲလား နိုင်ငံ အပေါ် စစ်ရေး ခြိမ်းခြောက်မှု သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ဖျက်ဆီးခဲ့သဖြင့် ဒေသတွင်း နိုင်ငံ အများအပြား ၏ ဆန့်ကျင်မှု ကို လည်း ခံခဲ့ရပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သြဂုတ်လ ၁၁ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ နှင့် ပတ်သက်၍ လက်ရှိအခြေအနေ ကို ကိုင်တွယ်ရန် အတွက် ရွေးချယ်မှု အများအပြားရှိပြီး စစ်ရေးဆောင်ရွက်မှု ပြုလုပ်နိုင်ခြေလည်းရှိကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ တွင် ဇူလိုင်လ ၃၀ ရက်နေ့၌ အခြေခံဥပဒေဖွဲ့စည်းရေး အစည်းအဝေး ကိုယ်စားလှယ် ရွေးကောက်ပွဲ တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယင်းနေ့၌ ဗင်နီဇွဲလား နိုင်ငံ အစိုးရ မှ ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲ အပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ အစိုးရ ကို ပိုမို ပြင်းထန်ပြီး လျင်မြန်သည့် ဆောင်ရွက်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.