Connect with us

Latin America

ဂွာတီမာလာ နိုင်ငံ ရှိ ဆေးရုံ တစ်ရုံအား ဒုစရိုက် ဂိုဏ်း တစ်ခု က တိုက်ခိုက်သဖြင့် ၇ ဦး သေဆုံး

ဂွာတီမာလာ နိုင်ငံ ရှိ ရဲတပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မာနာဂွာ ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဂွာတီမာလာ နိုင်ငံ ရဲတပ်ဖွဲ့ က ဒေသတွင်းရှိ ဒုစရိုက် ဂိုဏ်း တစ်ခု သည် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် နိုင်ငံမြို့တော်ရှိ ဆေးရုံ တစ်ရုံ ကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့ က ဂွာတီမာလာ နိုင်ငံ ရှိ ဒုစရိုက် အဖွဲ့အစည်း ဖြစ်သည့် ကယ်တင်ရှင် အဖွဲ့ သည် ဆေးရုံရှိ ဒုစရိုက် ဂိုဏ်း ၏ အဓိက အဖွဲ့ဝင် ဖြစ်သူ များကို လာရောက် ခေါ်ထုတ်ကြရာ နံနက်ပိုင်း ၈ နာရီ အချိန်တွင် ဆေးရုံ ၌ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြကြောင်း ၊ တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ၊ ဆေးရုံ ဝန်ထမ်း ၂ ဦး ၊ ကလေးငယ် ၂ ဦး နှင့် လမ်းသွားလာသူ ၁ ဦး တို့သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများအနက် ကလေးငယ် ၁ ဦး မှာ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကယ်တင်ရှင် ဂိုဏ်း သည် ဆေးရုံအတွင်း ရဲတပ်ဖွဲ့၏ ထိန်းချုပ်မှု အောက်တွင် ဆေးဝါးစစ်ဆေးမှု ပြုလုပ်နေသည့် ဒုစရိုက် ဂိုဏ်း အဓိက အဖွဲ့ဝင်ကို ခေါ်ထုတ် သွားခဲ့ပြီး ရဲတပ်ဖွဲ့က ဒုစရိုက် ဂိုဏ်း အဖွဲ့ဝင် ၅ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

အမေရိက တိုက် အလယ်ပိုင်းရှိ ဂွာတီမာလာ နိုင်ငံ သည် ကမ္ဘာပေါ်တွင် လုံခြုံရေး အဆိုးရွားဆုံးသော နိုင်ငံ တစ်နိုင်ငံ အပါအဝင် ဖြစ်ပြီး နေ့စဉ် လူပေါင်း ၁၃ ဦး ကျော်သည် တိုက်ခိုက်မှု များကြောင့် သေဆုံး ရကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.