ဝါရှင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိသူများအား အစိုးရက နှိမ်နင်းသတ်ဖြတ်နေသည့် လုပ်ရပ်အပေါ် “ဥပဒေကိုကျော်လွန်၍ သတ်ဖြတ်မှု” ဟု စွပ်စွဲလိုက်ပြီး ၊ ဖိလစ်ပိုင်အစိုးရအနေဖြင့် လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန် သြဂုတ်လ ၈ ရက်တွင် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။
အော့တဝါ ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ မွန်ထရီယဲလ်မြို့ရှိ Granby တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၈ ရက်က ခြင်္သေ့တိုက်ခိုက်ခံရမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်း နှင့် သားအိမ်ခေါင်းဝ၌ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ကနေဒါရုပ်မြင်သံကြားက သတင်းဖော်ပြသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အလေးမအားကစားသမား Long Qingquan သည် ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ်ပြိုင်ပွဲ၏ အမျိုးသား ၅၆ ကီလိုတန်း အလေးမပြိုင်ပွဲတွင် စုစုပေါင်း အလေးချိန် ၃ဝ၇ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့ရာ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ၎င်း၏ ဒုတိယမြောက်ရွှေတံဆိပ်တစ်ခုကို...
ရီယို ဒီဂျနေရို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရီယို ၂၀၁၆ အိုလံပစ် မြင်းပြိုင်ကွင်း၌ နယူးဇီလန် အသင်း တာဝန်ရှိသူတစ်ဦးမှာ သြဂုတ်လ ၆ ရက်က သေနတ်ကျည်ဆန် လာရောက်ထိမှန်မည့်ဘေးမှ ကံကောင်းစွာ သီသီလေး ကင်းလွတ်ခဲ့ကြောင်း သိရသည်။
ရီယို ဒီ ဂျနေရို၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ပထမဆုံးသော ရွှေ့ပြောင်းဒုက္ခသည်များပါဝင်သည့် အိုလံပစ်အားကစားအဖွဲ့(ROT) သည် ၎င်းတို့၏ အလံလွှင့်တင်ခြင်း အခမ်းအနားအား သြဂုတ် ၃ရက်နေ့ ညနေပိုင်းတွင် အိုလံပစ်ရွာ၌ ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့ရှိ ရွှေ့ပြောင်းဒုက္ခသည်များထံ အားကစားစိတ်ဓါတ်နှင့်ပတ်သက်၍ သတင်းစကားပေးပို့ခဲ့သည်။
ဘိုလီဗီးယား၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ဘိုလီဗီးယား ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ ခိုးသွင်းရန် ရည်ရွယ်ထားသော ကိုကင်း ၇.၅တန်ကျော်အား ဘိုလီဗီးယားနိုင်ငံသား သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘိုလီဗီးယားသတင်းဋ္ဌာနက ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ရီယို ဒီဂျနေရို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) Rio 2016 အိုလံပစ်ပွဲ လက်မှတ်စုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်းကျော် ကို ရောင်းချပြီးဖြစ်ကြောင်း အိုလံပစ်ပွဲ ကျင်းပသူများက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရီယို ဒီဂျနေရို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဗဟိုဘဏ်က Rio တွင် ကျင်းပမည့် 2016 အိုလံပစ်ပွဲသို့ လာရောက်မည့် နိုင်ငံကိုယ်စားပြု အားကစားသမား အဖွဲ့များနှင့် ခရီးသွား ဧည့်သည်များမှ ပြည်ပ ဝင်ငွေရရှိမှုသည် အမေရိကန်ဒေါ်လာ သန်း၂၀၀ ပတ်ဝန်းကျင်ရှိမည် ဟု ခန့်မှန်းကြောင်း...
ရီယို ဒီဂျနေရို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း Rio Grande do Sul ပြည်နယ်ရှိ ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး စင်တာတွင် ဇူလိုင်လ ၂၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး...
ဘရာဇီး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) လာမည့် Rio ၂၀၁၆ အိုလံပစ်ပွဲ အတွက် နျူကလီးယား လုံခြုံရေး ကျွမ်းကျင်သူ အယောက် ၃၀၀ အား ဖြန့်ကျက် ထားမည် ဖြစ်ကြောင်း ဘရာဇီး အေဂျင်စီရုံးက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။