Connect with us

Latin America

ဆန်ဖရန်စစ္စကို အများပြည်သူပို့ဆောင်ရေး လက်မှတ်အရောင်းစနစ် တိုက်ခိုက်ခံရ

ပို့ဆောင်ရေးလက်မှတ်ရောင်းသည့် စက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကိုမြူနီစပယ်ပို့ဆောင်ရေးအေဂျင်စီ (SFMTA) က ၎င်းတို့၏ အီးမေးလ်စနစ်များ အပါအဝင် ကွန်ပြူတာအတွင်းစနစ်အချို့အား အနှောင့်အယှက်ပြုသည့် အန္တရာယ်ရှိ ဆော့ဖ်ဝဲလ်ဖြင့် တိုက်ခိုက်ခြင်းခံရခဲ့ကြောင်း နိုဝင်ဘာ ၂၈ရက်က ပြောကြားခဲ့သည်။

သို့သော် အများပြည်သူပို့ဆောင်ဆက်သွယ်ရေး အာဏာပိုင်များက ပို့ဆောင်ရေးစနစ်များ မထိခိုက်ကြောင်း၊ ဘတ်စ်ကား နှင့် မြေအောက်ရထား ပြေးဆွဲမှုစနစ်များ အပေါ် အကျိုးသက်ရောက်မှုမရှိကြောင်း၊ လက်မှတ်ဝယ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များ နှင့် လက်မှတ်ဝယ်ယူမှု သတင်းအချက်အလက်များ နှင့် ပတ်သက်၍ အငြင်းပွားမှုများ မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ရက်တွင်စတင် ဖြစ်ပွားခဲ့သည့် အလားတူ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုတွင်လည်း နောက်ကွယ်၌ တရားမဝင် ဆိုက်ဘာတိုက်ခိုက်သူ တစ်ဦးရှိနေပြီး ၎င်းက SFMTAထံမှ အမေရိကန်ဒေါ်လာ ၇၃,၀၀၀ နှင့် တန်ဖိုးညီမျှသည့် အီလက်ထရောနစ် ငွေကြေး Bitcoin 100 အား တောင်းဆိုခဲ့ကြောင်း ဆန်ဖရန်စစ္စကို စစ်ဆေးရေးမှူးတစ်ဦးကပြောကြားခဲ့သည်။

အလားတူတိုက်ခိုက်မှုမျိုးကို စုံစမ်းစစ်ဆေးနေစဉ် ယခု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အေဂျင်စီက လုပ်ငန်းလည်ပတ်မှုများ ဆောင်ရွက်နိုင်ရန် အလုံးစုံ ပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.