Connect with us

Latin America

အမေရိကန်လေယာဉ်တစ်စီး အင်ဂျင်မီးလောင်၍ ပြန်လှည့်ခဲ့ရ

ယူနိုက်တက်လေကြောင်းလိုင်း (UA) မှ လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အခြေစိုက် ယူနိုက်တက်လေကြောင်းလိုင်း (UA) မှ လေယာဉ်တစ်စီးတွင် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့၍ နိုဝင်ဘာ ၂၈ရက် နေ့လည်ပိုင်းတွင် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ် (SFO) သို့ ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

SFO ပြောရေးဆိုခွင့်ရှိသူ Doug Yakel က ယူနိုက်တက်လေကြောင်းလိုင်း (UA) ၏ ပျံသန်းရေးခရီးစဉ်အမှတ် ၈၃၇အရ လေယာဉ် သည် ဒေသစံတော်ချိန် နံနက်၁၁း၃၆နာရီ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်ရန် လေဆိပ်မှ ထွက်ခွာလာပြီးနောက် အင်ဂျင်ပြဿနာဖြစ်ပွားခဲ့ရာ အင်ဂျင်လေးလုံးရှိသည့်အနက် တစ်လုံးအား ရပ်ဆိုင်းခဲ့ရကြောင်းပြောကြားခဲ့သည်။

မျက်မြင်တွေ့ကြုံခဲ့သူများက ပေါက်ကွဲသံတစ်ခုအား ကြားခဲ့ရပြီး ဘိုးအင်း 747’s ဘယ်ဘက်အင်ဂျင်များအနက် တစ်လုံးမှ မီးတောက်များထွက်ပေါ်လာသည့်ကို မြင်တွေ့ခဲ့ကြောင်းနှင့် လေယာဉ်သည် မြေပြင်ပေါ်သို့ ဘေးကင်းစွာ မဆင်းသက်ခင် လေဆိပ်အပေါ်၌ တစ်နာရီကျော်ကြာ စက်ဝိုင်းပုံသဏ္ဍာန်လည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပေါ်လိုက်ပါသွားသည့် ခရီးသည် ၂၀၂ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၅ဦး ရှိသည့်အနက် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.