Connect with us

Latin America

အမေရိကန် အလယ်ပိုင်းတွင် ကန်ဒေါ်လာ သန်း၄၂၀ထီပေါက်သူ ပေါ်ထွက်လာ

Powerball လက်မှတ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တန်နက်စ်စီပြည်နယ် Lafayatte မြို့တွင် အမေရိကန်ဒေါ်လာ ၄၂၀.၉ သန်း တန် ထီပေါက်သူတစ်ဦး ထွက်ပေါ်လာကြောင်း တန်နက်စ်စီပြည်နယ် ထီအရောင်းဋ္ဌာန က နိုဝင်ဘာ ၂၇ရက် တွင်ပြောကြားခဲ့သည်။

အဆိုပါ ဆုကြေးငွေသည် တန်နက်စ်စီပြည်နယ် ထီလုပ်ငန်း၏ ဒုတိယအများဆုံး စုစုပေါင်း ဆုကြေးငွေဖြစ်ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလ တွင် အမေရိကန်ဒေါ်လာ ၅၂၈.၈သန်း ဖြင့် ပထမအများဆုံး ဆုကြေး ရရှိသူတစ်ဦးရှိခဲ့ကြောင်း ထီအရောင်းဋ္ဌာန က ထုတ်ပြန်ခဲ့သည်။

ယင်းထီပေါက်သူသည် ဆုကြေးလက်ခံရယူရန် ရက်ပေါင်း ၁၈၀ ကျန်ရှိမည်ဖြစ်ပြီး ထီအရောင်းဋ္ဌာန က ဆုကြေးမတိုင်ယူခင်အချိန်အတွင်း ထီလက်မှတ်အား လုံခြုံစွာသိမ်းဆည်းထားရန် အကြံပြုထားကြောင်း သိရသည်။

ပြည်တွင်းမီဒီယာက ယခု ဆုကြေးသည် အမေရိကန်သမိုင်းတွင် ၁၂ကြိမ်မြောက် အများဆုံး ဆုကြေးဖြစ်ပြီး ကိုးကြိမ်မြောက် အများဆုံး Powerball ဆုကြေးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Powerball ဆုကြေးသည် ထီဆုကြေး ပုံစံတစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ပြည်နယ်ပေါင်း ၄၄ပြည်နယ်၊ ဝါရှင်တန် ဒီစီ၊ Puerto Rico နှင့် အမေရိကန်၏ Virgin ကျွန်းများတွင် ကစားကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.