Latin America
အမေရိကန် အစိုးရသစ်နှင့် အတူတကွ ပူးတွဲလုပ်ကိုင်သွားရန် တရုတ်နိုင်ငံ မျှော်လင့်
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရသစ်နှင့်အတူ ပူးတွဲ လုပ်ဆောင်မှုများ ပြုလုပ်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး ရေရှည်တည်တံ့ပြီး ကောင်းမွန် တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းသွားကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း နိုဝင်ဘာလ ၉ ရက်က ပြောကြားလိုက်သည်။
အဆိုပါ မှတ်ချက်အား တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူ လုခန်က ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အမေရိကန် ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်ကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု လုက ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်သည် ဟီလာရီ ကလင်တန်အား အနိုင်ရရှိခဲ့ကာ အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)