Connect with us

Latin America

ဥရောပမြေမှာ ခြေချတော့မည့် အာဂျင်တီးနားတိုက်စစ်မှူး ပရက်တို

အာဂျင်တီးနားတိုက်စစ်မှူး ပရက်တို အားတွေ့ ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်း၏ ရှေ့တန်းတိုက်စစ်မှူးလုကက်စ် ပရက်တို ( Lucas Pratto ) အား ဥရောပအခြေစိုက် ကလပ်အသင်းများစွာက ကမ်းလှမ်းမှုများ ရှိနေရာ ၎င်းသည် လက်ရှိပါဝင်ကစားလျက်ရှိသော ဘရာဇီးနိုင်ငံAtletico Mineiro ကလပ် အသင်းမှ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာတော့မည်ဖြစ်ကြောင်း ပရက်တို၏ အေဂျင့်ဖြစ်သူက ဇန်နဝါရီလ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးကို တရုတ်နိုင်ငံရှိ ကလပ်အသင်းများစွာကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့ပြီးနောက် လဝက်နီးပါး အကြာတွင် အထက်ပါ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။

“ အင်္ဂလန် ၊ စပိန် နဲ့အီတလီနိုင်ငံတွေမှာ ရှိတဲ့ ကလပ်အသင်းတွေနဲ့စကားပြောနေပါတယ်” ဟု ပရက်တို ၏ အေဂျင့်ဖြစ်သူ Gustavo Goni က ပြောကြားချက်ကို ကိုးကား၍ ESPN ဘရာဇီးရုပ်သံချန်နယ်က ဇန်နဝါရီလ ၁ဝ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။

ပရက်တို၏ အပြောင်းအရွှေ့အတွက် Atletico ကလပ်အသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းရရှိမည်ဖြစ်ကြောင်း ၊ ၎င်းသည် ဝက်ဟမ်းယူနိုက်တက် ၊ ဆီဗီလာ နှင့် ဗလန်စီယာ စသော အသင်းများထဲမှ တစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၄ ပွဲထိ ပါဝင်ကစားခဲ့သူ ပရက်တို သည် ပြီးခဲ့သော နှစ်နှစ်တာကာလတွင် ဘရာဇီးကလပ်အသင်းပွဲစဉ်များ၌ ထိပ်တန်းဂိုးသွင်းသူတစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး Atletico Mineiro အသင်းအတွက် ပွဲပေါင်း ၁ဝဝ တွင် ၄၁ ဂိုးထိ သွင်းယူပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.