Connect with us

Latin America

၂ဝ၃ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနား နှင့်ပူးတွဲကျင်းပခွင့်ရရန် ဥရုဂွေးက ကော်မရှင်တစ်ရပ်ဖွဲ့စည်း

၂ဝ၃ဝ ပြည့်နှစ် ကမ္ဘာ့ ဖလားအိမ်ရှင် အတွက် ဖီဖာဥက္ကဋ္ဌ Gianni Infantino မိန့် ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မွန်တီဗီဒီယို ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

ဥရုဂွေးနိုင်ငံသမ္မတ Tabara Vazquez က ၂ဝ၃ဝ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri နှင့်အတူ ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာလ ၃၁ ရက်တွင်ကြေညာခဲ့သည်။

“ ဒါဟာ လောကနိယာမ အခွင့်အရေးတစ်ရပ်ပါပဲ။ ( ဘောလုံးအသင်းတွေ )နိုင်ငံတကာယှဉ်ပြိုင်မှု အခွင့်အရေးအတွက် ကျွန်တော်တို့နိုင်ငံက မွေးဖွားပေးခဲ့တာပါ ” ဟု သမ္မတ Tabara က ဥရုဂွေးနိုင်ငံအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ဥရုဂွေးနိုင်ငံသည် ၁၉၃ဝ ပြည့်နှစ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့သည်။

ဥရုဂွေး နှင့် အာဂျင်တီးနား နှစ်နိုင်ငံသမ္မတတို့သည် ပူးတွဲကော်မရှင်ဖွဲ့စည်းရန် အောက်တိုဘာလ အစောပိုင်းက သဘောတူညီခဲ့ကြပြီး ၎င်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံမှ နိုင်ငံတကာဘောလုံးပြိုင်ပွဲကျင်းပခွင့်ရရန် သမားရိုးကျနည်းလမ်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုတစ်ရပ်ဖြစ်သည်။

“ ဥရုဂွေး နဲ့အာဂျင်တီးနား နှစ်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် အကောင်းဆုံး ကျင်းပပေးနိုင်မယ်ဆိုတာကို ယုံကြည်နေတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်” ဟု Vazquez က ဆိုသည်။

“ ဥရုဂွေးနိုင်ငံဟာ ၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဆောင်းရာသီမှာ ကျင်းပခဲ့တာကို ကျွန်တော်တို့တွေးကြည့်လို့ရပါတယ်။ အဲဒီတုန်းက ဘောလုံးကွင်းတစ်ကွင်းပဲရှိတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီနိုင်ငံမှာ ကျင်းပခဲ့တယ်လေ” ဟု ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

၁၉၃၀ ပြည့်နှစ်က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ဥရုဂွေးအသင်းသည် ဗိုလ်လုပွဲစဉ်တွင် အာဂျင်တီးနားအသင်းအား ၄ ဂိုး – ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ၂ဝ၃ဝ ပြည့်နှစ်တွင် ရာစုနှစ်တစ်ခုအတွင်း ဥရုဂွေးနိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည်ကို မြင်တွေ့ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.