Connect with us

North America

ကန်နိုင်ငံခြားရေးဝန်ကြီးက အီရန်အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်အား လိုက်နာလင့်ကစား ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးမည်မဟုတ်ကြောင်း ပြောကြား

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇွန် ၈ ရက်တွင် အမေရိကန်နိုင်ငံ အောက်လွှတ်တော်၌ ကျင်းပပြုလုပ်သည့် ဘတ်ဂျက်ကော်မတီ ကြားနာမှုအား တက်ရောက်စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အနေဖြင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်အား ပြန်လည်လိုက်နာသွားလင့်ကစား အမေရိကန်နိုင်ငံက အီရန်နျူကလီးယားသဘောတူညီချက် နှင့် မသက်ဆိုင်သော ရာနှင့်ချီသည့် အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် (Antony Blinken) က ဇွန်လ ၈ ရက်၌ ပြောကြားခဲ့သည်။ဘလင်ကန်သည် ဇွန်လ ၈ ရက်က အမေရိကန်အောက်လွှတ်တော်၌ ကျင်းပပြုလုပ်သည့် ဘတ်ဂျက်ကော်မတီ ကြားနာမှုအား တက်ရောက်ခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် အီရန်နျူကလီးယား သဘောတူညီချက်အား ပြန်လည်လိုက်နာပါက အမေရိကန်နိုင်ငံသည် အီရန်နျူကလီးယား သဘောတူညီချက် နှင့် သက်ဆိုင်သည့် အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးမည်ဖြစ်သော်လည်း သဘောတူညီချက် နှင့် မသက်ဆိုင်သည့် ရာနှင့်ချီသော အရေးယူပိတ်ဆို့မှုများကိုမူ မပြောင်းမလဲဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဘလင်ကန် က လက်ရှိချိန်ထိ အီရန်နိုင်ငံ အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်အား ပြန်လည်လိုက်နာရန် ပြင်ဆင်ထားမှုရှိမရှိကို မသေချာသေးကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သည် ဇွန်လ ၇ ရက်က အထက်လွှတ်တော်၌ ကျင်းပပြုလုပ်သည့် ကြားနာမှုတွင်လည်း အလားတူ သဘောထားကို ပြောကြားခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ၏ အပြင်းအထန် ကန့်ကွက်မှုကို ခံခဲ့ရသည်။ Javad Zarif က လူမှုကွန်ရက်စာမျက်နှာတွင် လက်ရှိချိန်ထိ ဘိုင်ဒန်အစိုးရသည် ဒေါ်နယ်ထရမ့်အစိုးရ၏ မအောင်မြင်သည့် အဆုံးစွန်ဖိအားပေးမှု မူဝါဒကို ပယ်ဖျက်ရန် ပြင်ဆင်ထားခြင်းရှိမရှိကို အီရန်နိုင်ငံဘက်က အသေအချာမသိကြောင်း ၊ “စီးပွားရေးအကြမ်းဖက်မှုမူဝါဒ “ ကို ဆွေးနွေးပွဲအသာစီးရရန် ကြိုတင်ရည်ရွယ်ကာ ပြင်ဆင်ထားခြင်းရှိမရှိကိုလည်း သေချာမသိကြောင်း ရေးသားဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။

၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။

ယခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါဝင်သော သက်ဆိုင်ရာအသီးသီး ကိုယ်စားလှယ်များက ဗီယင်နာတွင် အမေရိကန် နှင့် အီရန် နိုင်ငံတို့မှ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Abbas Araqchi က ဆွေးနွေးမှုတွင် သဘောတူညီချက်ရရှိရန် အတိုင်းအတာ တစ်ခု အကွာအဝေးထိ ရောက်ရှိနေပြီး လွန်စွာမဝေးကွာတော့ကြောင်း ၊ လာမည့်အကြိမ် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်သဘောပါသည့် အဖြေရရှိနိုင်မည်ဟုမျှော်လင့်ကြောင်း ဇွန် ၃ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

——————————————————-
(Chinese Version)

(国际)美国务卿称“数百项”制裁不会因伊朗履行伊核协议而解除

新华社华盛顿6月8日电(记者刘品然)美国国务卿布林肯8日表示,即便伊朗重新履行伊朗核问题全面协议,美国仍将继续维持与伊核协议无关的“数百项”对伊制裁。

布林肯当天在美国会参议院拨款委员会的听证会上表示,如果伊朗重新履行伊核协议,美方将解除与伊核协议相抵触的对伊制裁,但数百项与伊核协议无关的制裁仍将保留,直至伊朗“改变其行为”。

他还称美方目前仍不确定伊朗是否准备采取措施重新履行伊核协议。  布林肯7日在众议院的一场听证会上作出类似表态,伊朗外长扎里夫随即予以驳斥。扎里夫在社交媒体上说,伊朗仍不确定拜登政府是否准备终结特朗普政府失败的“极限施压”政策,并停止将“经济恐怖主义”作为谈判筹码。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取的措施“可逆”。

今年4月初起,伊核协议相关方已在奥地利首都维也纳举行多轮谈判讨论美伊两国恢复履约问题。伊朗外交部副部长阿拉格希本月3日表示,谈判距离达成协议还有一段距离但“相距不远”,称下一轮谈判“具有决定性”。(完)

Photo
6月8日,美国国务卿布林肯在华盛顿出席美国会参议院拨款委员会的听证会。新华社发(沈霆摄)