North America
အမေရိကန်နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်အတွင်းရှိ ကုန်တိုက်တစ်ခုအတွင်း ပစ်ခတ်မှုတွင် ၄ ဦးသေ

ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ် ၊ ဆီတဲလ်မြို့ရှိ ကုန်တိုက်တစ်ခု၌ စက်တင်ဘာလ ၂၃ ရက် ညပိုင်းက သေနတ်သမား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄ဦးသေဆုံးသွားကြောင်း သိရသည်။
အနောက်မြောက် ပြည်နယ်ရဲတပ်ဖွဲ့ကပြောကြားရာတွင် Burlington ရှိ Cascade ကုန်တိုက်၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေနတ်သမားအား အသေဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။(Xinhua)