North America
အမေရိကန်သမ္မတ ထရမ့် က ဂျေရုဆလင်မြို့၌ အမေရိကန်သံရုံးဖွင့်ပွဲ အတွက် အစ္စရေးသို့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဟု ကြေညာ
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးဖွင့်ပွဲ အတွက် အစ္စရေးသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား မေ ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သံရုံးဖွင့်ပွဲသည် မေလ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး John Sullivan က ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြားကိုယ်စားလှယ်အဖွဲ့ဝင်များ အနေဖြင့် အစ္စရေးနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး David Friedman၊ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin၊ အမေရိကန်သမ္မတ လက်ထောက် နှင့် အကြီးတန်းအကြံပေး အရာရှိ Jared Kushner၊ အမေရိကန်သမ္မတ လက်ထောက် နှင့် အကြံပေးအရာရှိ Ivanka Trump၊ အမေရိကန်သမ္မတ လက်ထောက် နှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး အထူးကိုယ်စားလှယ် Jason Greenblatt တို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
မေလ ၇ ရက် အစောပိုင်းတွင် ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့အစည်း (PLO) အတွင်းရေးမှူးချုပ် Saeb Erekat က အမေရိကန်သံရုံးဖွင့်ခြင်းအား ဆန္ဒပြသပိတ်မှောက်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ မြို့တော်အဖြစ် သတ်မှတ်လိုက်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၆ရက်တွင် ညွှန်ကြားခဲ့သည်မှစ၍ ပါလက်စတိုင်း နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)