တူးနစ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Noureddine Erray က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က “ နိုင်ငံရဲ့ လက်ရှိအနေအထားဟာ အမှန်တကယ် လုံးဝ အခြေအနေမကောင်းပါဘူး” ဟု ဇူလိုင် ၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၏ မြို့တော်ဝန် Keisha Lance Bottoms က ၎င်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဇူလိုင် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အက်ဒစ်အက်ဘာဘာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော်အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် ပဋိပက္ခဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အိုရွမ်မီယာဒေသ(Oromia) နှင့် မြို့တော် အက်ဒစ်အက်ဘာဘာတွင် လူပေါင်း ၁၆၆ ဦးထိ သေဆုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်များက ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း နှင့် ယနေ့ ဇူလိုင် ၅ ရက်တွင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံ၌ ဇူလိုင် ၂ ရက်က ကြီးမားသည့် မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပြည်နယ်များစွာတွင် ကပ်ရောဂါကူးစပ်ပျံ့နှံ့နေခြင်းနှင့်အတူ သေဆုံးမှုလည်း ဆက်လက်မြင့်တက်လျက်ရှိရာ နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးသူ တရားဝင်အရေအတွက်ကို မခန့်မှန်းနိုင်အောင် ဖြစ်နေကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုသစ်တစ်ခုအရ သိရသည်။
ဂျီနီဗာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် အစွန်းရောက်လုပ်ငန်းများ တိုက်ဖျက်ရေး ဆောင်ရွက်ချက်အပေါ် ထောက်ခံကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကိုယ်စား ဘီလာရုစ်နိုင်ငံက ဇူလိုင် ၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။