Connect with us

Africa & Middle East

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၁၀၈ ဦးအထိရှိလာ

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ 

ပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးခဲ့ကြောင်းနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီး Suleyman Soylu က ဟန်ဒတ်ခရိုင်ရှိ အခင်းဖြစ်ပွားရာနေရာ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ 

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီး Fahrettin Koca ကလည်း ပေါက်ကွဲမှုကြောင့် စုစုပေါင်း လူ ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းတို့အနက် ၄၈ ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောခဲ့သည်။ 

ဇူလိုင် ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၁၅ နာရီက ယင်းစက်ရုံတွင် ပေါက်ကွဲစေသောပစ္စည်း တန် ၁၁၀ ပါဝင်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည်။ 

ထိုပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် အခြားသော ပေါက်ကွဲမှုများစွာ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မီးခိုးများအတွင်းရှိ ဓာတုပစ္စည်းများမှာကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် မြို့သူမြို့သားများအား ယင်းဒေသမှထွက်ခွာသွားကြရန်နှင့် နေအိမ်အတွင်း၌ပင်နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုအား စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုအဖြစ် စဉ်းစားသင့်ကြောင်းနှင့် စက်ရုံအတွင်း ရေဒီယိုသတိ္တကြွမှုအရင်းအမြစ် တွေ့ရှိခဲ့ခြင်းမရှိကြောင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံန့်ခွဲမှုအာဏာပိုင်များက ကြေညာခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117