ဘာလင် ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ၃ နှစ်ဆက်တိုက်တည်ရှိနေပြီဖြစ်ရာ နှစ်ဖက်ကုန်သွယ်မှုပမာဏ စုစုပေါင်း ယူရိုငွေ ၁၉၉.၃ ဘီလီယံရှိကြောင်း ဂျာမနီနိုင်ငံ ပြည်ထောင်စု စာရင်းအင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
SKOPJE ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယား နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက တရားမဝင် လက်နက်များ ကုန်သွယ်မှုများတွင် ပါဝင်သော အုပ်စု တစ်စုအား ချေမှုန်းခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
နီယာမေ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဘိုကိုဟာရမ် အစွန်းရောက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံရရာ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ချီကာဂို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ကင့်နယ်မြေတွင် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက အဆောက်အအုံတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အများပြည်သူသုံး ရေချိုးအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးပြီး အနည်းဆုံးအခြား လူပေါင်း ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မက္ကဆီကိုစီးတီးရှိ အစ်ဇ်တာပလာပါနယ်မြေတွင် ဖေဖော်ဝါရီလ ၁၇ ရက်က လမ်းနံဘေးပါတီပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမှ ထွက်ခွာလာသော ခရီးသည်အယောက် ၂၄၀ ပါဝင်သည့် ဂျာမနီ၏ မြန်နှုန်းမြင့် မီးရထားသည် ဆွစ်ဇာလန်နိုင်ငံ Basel မြို့တွင် ဇန်နဝါရီလ ၁၇ရက်နေ့နှောင်းပိုင်း က ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ ဂျာမန်ရထားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Namatanaiမြို့ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
ဘဂ္ဂဒက် ၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦး သည် အီရတ်နိုင်ငံ၏ အရှေ့ဘက် Diyala ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးခဲ့ကြောင်း ၎င်းဒေသ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးကပြောသည်။