Connect with us

International Organizations

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အမေရိကန်နိုင်ငံ၌ ငြိမ်းချမ်းစွာဆန္ဒပြကြရန် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မေ ၃၀ ရက်က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် အမေရိကန်နိုင်ငံ၌ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို မြင်တွေ့လိုကြောင်း နှင့် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများအား တုံ့ပြန်ကိုင်တွယ်ရာတွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကားထဲတွင် ဝမ်းနည်းပူဆွေးမှုအသံများကို ကြားရမည်ဖြစ်ကြောင်း သို့သော်  ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ထုတ်ဖော်ရမည်ဖြစ်ကြောင်း နှင့် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများအား တုံ့ပြန်ရာတွင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှုကို ပြသရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဆက်လက်ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကို စုံစမ်းစစ်ဆေးသွားရမည်ဟူ၍လည်း ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မေ ၃၀ ရက်က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အရည်အချင်းပြည့်မီသော လူ့အခွင့်အရေးသင်တန်းများ တက်ရောက်ကြရန်လိုအပ်ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် လူမှုရေး နှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးရန် ရင်နှီးမြှုပ်နှံမှုတစ်ခု လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၊ သို့မှသာ လူမှုအသိုင်းအဝိုင်းအား ကာကွယ်ရာတွင် ၎င်းတို့၏ အလုပ်ကို ကောင်မွန်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မေ ၃၀ ရက်က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မေ ၃၀ ရက်က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများအားလုံးထက် မတူကွဲပြားသော လူမှုအသိုက်အဝန်း ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းမှာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ၊ သို့သော် မတူကွဲပြားသော လူမှုအသိုက်အဝန်း၏ အောင်မြင်မှုများသည် မည်သည့်နိုင်ငံတွင်မဆို လူမှုအဖွဲ့အစည်းကြား စည်းလုံးညီညွတ်မှုအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံ့မှုတစ်ခု ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မေ ၃၀ ရက်က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ယင်း၏ အဓိပ္ပါယ်မှာ မညီမျှမှုများကို လျှော့ချသွားရန် ၊ ခွဲခြားဆက်ဆံမှုဖြစ်နိုင်ချေရှိသော နယ်ပယ်များတွင် ဆွေးနွေးညှိနှိုင်းသွားရန် ၊ လူမှုအကာအကွယ်ကို မြှင့်တင်သွားရန် နှင့် အားလုံးအတွက် အခွင့်အလမ်းများ စီမံဖန်တီးပေးသွားရန် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)