ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Salahudin ပြည်နယ် မြို့တော် Tikrit တွင် နိုဝင်ဘာ ၁၈ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်လုံခြုံရေးအရာရှိ တစ်ဦးက ယင်းနေ့တွင်...
နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် နိုဝင်ဘာ ၁၈ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်တစ်ခုအတွင်းသို့ လမ်းချော်၍ ပြုတ်ကျခဲ့ရာ အနည်းဆုံးလူ ၁၂ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကာလက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ် Shinkai ခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုအား နိုဝင်ဘာ ၁၈ ရက်တွင် အစိုးရဆန့်ကျင်သော စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို အမည်မသိနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်နယ်ရဲချုပ် Mohammad Mustafa Mayar...
နယူးဒေလီ ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) Gaja ဆိုင်ကလုန်းမုန်တိုင်း ကြောင့် သေဆုံးသူဦးရေမှာ ၄၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း Tamil Naduပြည်နယ်ဝန်ကြီးချုပ် Edappadi Palaniswamiက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘီဂါဝမ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရူနိုင်းနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၃နှစ်တာကာလအတွင်း ဘရူနိုင်းနိုင်ငံသို့ ပထမအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) နိုဝင်ဘာ ၁၈ ရက် ဂရင်းနစ်စံတော်ချိန် ၂ဝ:၂၅:၄၆ နာရီတွင် ဖီဂျီနိုင်ငံ Lambasa ၏ အရှေ့တောင်ဖက် ၂၅၃ ကီလိုမီတာ၌ ဗဟိုပြု၍ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
ဒမတ်စကက်စ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်သည် နိုဝင်ဘာ ၁၇ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သား အနည်းဆုံး ၄၀ သေဆုံးခဲ့ကြောင်း SANAသတင်း အေဂျင်စီက ယင်းနေ့တွင်ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကင်မရွန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ စီးပွားရေးမြို့ ဖြစ်သည့် Douala မြို့၌ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဆီတင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ Village ရပ်ကွက်၏ အဓိကလမ်းမကြီးတစ်လျှောက်ဝင်တိုက်မိရာ အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ...