ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
မနီလာ ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Iloilo ပြည်နယ် နှင့် Guimaras ပြည်နယ် တို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၃ ရက်တွင် ခရီးသည်တင် စက်လှေများ တိမ်းမှောက်နစ်မြုပ်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က...
ဘန်ကောက် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္ထာနီ(Pattani) ပြည်နယ် ၊ Fatoni တက္ကသိုလ်ရှေ့ရှိ Islamic ဘဏ်၏ ATM စက်တွင် ယနေ့နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ...
မနီလာ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် သြဂုတ် ၃ ရက် နေ့လည်ပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့် ခရီးသည်တင်ရေယာဉ်သုံးစီးတိမ်းမှောက်မှုဖြစ်ပွားရာ လက်ရှိအချိန်ထိ သေဆုံးသူ လူ ၁၄ ဦး ရှိပြီဖြစ် ေကြောင်း သိရသည်။
မော်စကို ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့၌ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်၍ ဆန္ဒပြမှုဖြင့် လူပေါင်း ၆ဝဝ ကျော်ကို သြဂုတ် ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရုရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။
ဟူစတန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်ဒေသဂီယာလိုင်ပြည်နယ်၌ သြဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လူ ၄၄ ယောက်စီး ဘတ်စ်ကားတစ်စီးက လမ်းဘေးဈေးရုံတစ်ခုအား ဝင်တိုက်မိသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။
ခါတွန်၊ သြဂုတ် ၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံတွင ်အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ အတွက် ကာလသစ်တစ်ခုကို ဦးတည်ကာ ဆူဒန်အာဏာရစစ်ကောင်စီ(TMC)နှင့် အတိုက်အခံလွတ်လပ်မှု နှင့် ပြောင်းလဲမှုအဖွဲ့ချုပ်(Freedom and Change Alliance) တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်အပေါ် သဘောတူ ညီမှု အပြည့်အဝရရှိခဲ့ကြကြောင်း သြဂုတ်လ ၃ ရက်က အာဖရိကသမဂ္ဂ၏...
ကုလသမဂ္ဂ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲကြောင်း သြဂုတ်လ ၁ ရက်ညပိုင်းက ထုတ်ပြန်သည့် ကြေညာချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ် (Stephane Dujarric) က သြဂုတ်လ ၂ ရက်တွင်...
ဆူဗာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ) ဖီဂျီနိုင်ငံ မြောက်ပိုင်းတွင် သြဂုတ် ၂ ရက် ညပိုင်းက ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျမှု ဖြစ်ပွား ပြီးနောက် သြဂုတ် ၃ ရက်တွင် ရုပ်အလောင်း တစ်လောင်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။