Connect with us

North America

အမေရိကန်အစိုးရက အီရန်ဆောက်လုပ်ရေးကဏ္ဍအားပိတ်ပင်မှုပြု

အီရန်နိုင်ငံ၏နျူကလီးယားသန့်စင်စက်ရုံတစ်ရုံကိုတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာလ ၁ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍနှင့်နျူကလီး ယား(သို့မဟုတ်)စစ်ဖက်အစီအစဉ်များနှင့်ဆက်စပ်၍ ပစ္စည်းလေးမျိုးလွှဲပြောင်းတင်ပို့မှုကိုပိတ်ပင်လိုက် ကြောင်း အောက်တိုဘာလ ၃၁ ရက်ကကြေညာခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန် ကြီးဌာန ကကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် အီရန်နိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍသည် ၎င်း၏ အစ္စလမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့များ ကတိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်၍ထိန်းချုပ်မှုကိုခံနေ ရ ခြင်းကြောင့် အမည်ပျက်စာရင်းသို့သွင်းခဲ့ကြောင်းဖေါ်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အီရန်နှင့်ပစ္စည်းအမျိုးအမည်လေးခုလွဲှပြောင်းရောင်းဝယ်မှုကိုလည်းပိတ် ပင်မှုများပြုလုပ်ခဲ့သည်။ အမေရိကန်အစိုးရက အဆိုပါပစ္စည်းအမျိုးအမည်လေးခုအား အီရန်၏နျူက လီးယား၊စစ်ဖက်နှင့်တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်များအတွက် အသုံးပြုနေကြောင်းကြေညာချက် တွင်စွပ်စွဲဖေါ်ပြခဲ့သည်။ယခုနောက်ဆုံးပိတ်ဆို့မှုများက အမေရိကန်၏ အီရန်အပေါ်စီးပွားရေးအရဖိ အားပေးမှုကိုအရှိန်တိုးမြှင့်လှုပ်ရှားခြင်း ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း ကြေညာချက်ကဆို သည်။

အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ပြည် ထောင်စုသမ္မတ ဒေါ်နယ်ထရန့် အစိုးရက အီရန်နိုင်ငံကိုဆန့်ကျင်ဖိအားပေးသော ပိတ်ဆို့မှုများကိုအ ဆက်မပြတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။(Xinhua)