အန်ကာရာ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တူရကီအရှေ့တောင်ပိုင်း Adiyaman ပြည်နယ်တွင် ဧပြီလ ၂၄ ရက် နံနက်ပိုင်းက အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၃၅ ဦးမှာ ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်မှု မရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက...
ဂျကာတာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ယနေ့( ဧပြီ ၂၅ ရက်) တွင်ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) Safeguards Committee၏ အစည်းအဝေးကို ဧပြီလ ၂၃ ရက်တွင် ဂျီနီဗာ၌ ကျင်းပခဲ့ရာ ရုရှား၊အိန္ဒိယ၊ တရုတ် အပါအဝင် ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက အမေရိကန်ကျင့်သုံးနေသည့် သံမဏိနှင့်အလူမီနီယံအခွန်ကောက်ခံမှု ပေါ်လစီကို စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်က ပါကစ္စတန်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေးအတွက် ခိုင်မာ သည့် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ဒေသချင်းအပြန်အလှန်ဆက်သွယ်မှုကိုလည်း တိုးမြှင့်အောင် လုပ်ဆောင်ရာရောက်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shahid Khaqan Abbasiက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
တိုရန်တို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ တိုရန်တိုမြို့ မြောက်ပိုင်းရှိ ဆင်ခြေဖုန်းရပ်ကွက်တွင် ဧပြီလ ၂၃ ရက်က လူအုပ်အတွင်းသို့ ဗင်ကား တစ်စီးဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင်း ဒဏ်ရာရပြီး သေဆုံးသူ အရေအတွက်မှာ ၁၀ ဦးအထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
လန်ဒန် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား ဝီလီယံ နှင့် ကိန်းဘရစ်မြို့စား ကြင်ယာတော် ကက်သရင်းတို့သည် ၄င်တို့၏ တတိယမြောက် ရင်သွေးတစ်ဦးကို ဧပြီ ၂၃ ရက်တွင် လန်ဒန်မြို့ရှိ စိန့်မယ်ရီဆေးရုံ၌ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းသားတော်အား အများပြည်သူတို့တွေ့မြင်ခွင့်ရစေရန်...
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသော ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဆန်နာ ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) ယီမင် အနောက်မြောက်ပိုင်း Hajjah ပြည်နယ်၌ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့က ဧပြီလ ၂၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး သေဆုံးဒဏ်ရာ ရသူ ၄၀ ဦး ရှိကြောင်း ယီမင် လုံခြုံရေးဌာနက ပြောကြားခဲ့သည်။
တိုကျို၊ ဧပြီ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော နာဘီတာဂျီမာ အမည်ရှိ ဂျပန်အဘွားအိုသည် အသက် ၁၁၇နှစ်တွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၌ ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဧပြီ ၂၂ရက်တွင်ဖော်ပြခဲ့သည်။
တူနီးရှား ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) လစ်ဗျား ရေတပ်က ဧပြီလ ၂၂ ရက်တွင် အနောက်ပိုင်းမြို့ Sabrata အနီး ပင်လယ်ပြင်၌ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၁ ဦး၏ရုပ်လောင်းများကို တွေ့ရှိဆယ်ယူခဲ့ပြီး လူ ၈၃ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။