Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးဘဏ် သည် ပထမနှစ်ဝက် တွင် အမြတ်အစွန်း ၈ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ကြောင်းကြော်ငြာ

Bank Rakyat Indonesia (BRI) အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဂျာကာတာ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ၏ အကြီးဆုံးဘဏ် ဖြစ်သော Bank Rakyat Indonesia (BRI) က ယခုနှစ် ၏ ပထမနှစ်ဝက် တွင် အမြတ်ငွေ ရူပီး ၁၆ ဒသမ ၁၆ ရူပီး (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံ) ရရှိခဲ့ကြောင်း နှင့် ပြီးခဲ့သည့် နှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း BRI ၏ အမှုဆောင်က သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း ချေးငွေ တိုးချဲ့မှုကလည်းရူပီးငွေ ၈၈၈ ဒသမ ၂ ထရီလီယံရူပီး (အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၃ ဘီလံယံဒေါ်လာဝန်းကျင်) ရာခိုင်နှုန်းအားဖြင့် ၁၁ ဒသမ ၈၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ အခကြေးငွေကို အခြေခံသောငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ဝင်ငွေများလည်း တိုးတက်မှု သိသာခဲ့ကြောင်း BRI မှ မန်နေဂျင်းဒါရိုက်တာ Suprajarto ကဆိုသည်။

ပထမနှစ်ဝက်တွင် နိုင်ငံပိုင်ဘဏ်ဖြစ်သော BRI က အာမခံငွေအဖြစ် ၉၄၅ ဒသမ ၀၅ ထရီလီယံရူပီး (၆၆ ဒသမ ၃ ဘီလီယံဒေါ်လာဝန်းကျင်) အထိရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ကာလတူ နှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၇၈ ရာခိုင်နှုန်း မြင့်ခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၉ ပထမ နှစ်ဝက် တွင် ထိုဘဏ် ၏ ပိုင်ဆိုင်မှုသည် ၂၀၁၈ခုနှစ်ကာလတူထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ကာ ၁၂၈၈ ထရီလီယံရူပီး (၉၀ ဒသမ ၄ ဘီလီယံဒေါ်လာဝန်းကျင်) တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)