Connect with us

Asia

ထိုင်းနိုင်ငံတွင် ခရီးသွားဧည့်သည်များအတွက် ရွေ့လျားသတင်းအချက်အလက်ယာဉ် မိတ်ဆက်

ထိုင်းနိုင်ငံ၏ ရွေ့လျားသတင်းအချက်အလက်ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့က ခရီးသွားဧည့်သည်များအား ထောက်ပံ့ပေးရန်နှင့် နိုင်ငံ၏ ဆွဲဆောင်မှုများ၊ ပွဲများနှင့် ပွဲတော်များအား မြှင့်တင်ရန် ရွေ့လျားသတင်းအချက်အလက်ယာဉ်တစ်စင်းအား မိတ်ဆက်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) ပြောကြားချက်အရ TAT ရွေ့လျားယာဉ်သည် ဘန်ကောက်မြို့ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များ စုဝေးရာနေရာများစွာ၌ စခန်းချမည်ဖြစ်ပြီး သုံးလတာကာလအတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ၊ အချိန်အားဖြင့် နေ့လယ် ၁၂း၀၀ နာရီမှ ၁၉း၀၀ နာရီအထိ ပြေးဆွဲသွားမည်ဖြစ်သညိ။

TAT ဈေးကွက်ဆက်သွယ်ရေးဌာန၏ စီစဉ်မှုဖြင့် TAT ရွေ့လျားယာဉ်တွင် TAT ၏ အမှတ်အသားဖြစ်သော “Amazing Thailand” အား အလှဆင်ထားပြီး အင်္ဂလိပ်နှင့် တရုတ် ဘာသာစကားပြော ဝန်ထမ်းများ ပါရှိမည် ဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဝန်ထမ်းများထံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်နှင့် အကူအညီ ရရှိနိုင်ကြောင်း၊ လက်ကမ်းစာစောင်များ သို့မဟုတ် QR code များ အသုံးပြုကာ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ကို scan ဖတ်ရှုရယူနိုင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117