Connect with us

North America

မက္ကဆီကိုနိုင်ငံ Socorro ကျွန်းတွင် အင်အား ၅.၈ ပမာဏရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်း လှုပ်ခတ်မှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ သြဂုတ် ၁၅ (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ Socorro ကျွန်း၏ အရှေ့မြောက်ဘက် ၂၆၂ ကီလိုမီတာအကွာတွင် ပြင်းအား ၅.၈ ပမာဏရှိသော ငလျင်တစ်ခု သြဂုတ်လ ၁၄ ရက် ဂရင်းနစ်စံတော်ချိန် ည ၂၁: ၃၅: ၁၉ နာရီတွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောခဲ့သည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၂၀.၄၆၉၁ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၀၉.၂၄၀၁ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)