Connect with us

North America

တရုတ် ကုမ္ပဏီထုတ် မြေအောက်ရထားတွဲသစ်များ အမေရိကန် နိုင်ငံ ဘော်စတွန်မြို့၌ စတင် ပြေးဆွဲ

ဘော်စတွန်မြို့ ၌ စတင် ပြေးဆွဲနေသော မြေအောက်ရထားတွဲသစ်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဘော်စတွန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘော်စတွန်မြို့၌ သြဂုတ် ၁၄ ရက်တွင် တရုတ်ကုမ္ပဏီ တစ်ခုက တည်ဆောက်ထားသော မြေအောက် ရထားတွဲ သစ်များဖြင့် ဘော်စတွန်မြို ့၌ နေထိုင်သူများ အတွက် စတင် ပြေးဆွဲခဲ့ကြောင်း သိရသည်။

ရထားတွဲ ၁၅၂ တွဲမှ ပထမ ၆ တွဲသည် ယင်းနေ့နံနက်တွင် ဘော်စတွန်မြို ့၏ မြေအောက် ရထား ပြေးဆွဲရေး စနစ် MBTA ၏ လိမ္မော်ရောင်လိုင်းတွင် စတင် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

ဘော်စတွန်မြို့တွင် နေထိုင်သူများ အတွက် ယင်းရထားတွဲသစ်များ အပြည့်အ၀ ဝန်ဆောင်မှု ပေးချိန်တွင် မြို့၏ ရထား လိုင်းအနေဖြင့် နေ့စဉ် ခရီးသည် ၃၀၀၀၀ ခန့်အထိ တိုးတက် သယ်ယူပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဘော်စတွန်မြို့၌ အဓိက မြေအောက်ရထားလိုင်း တစ်ခု ဖြစ်သော လိမ္မော်ရောင်လိုင်းသည် နာမည်ကျော် နေရာ များ ဖြစ်သည့် ဟားဗက် ဆေးကျောင်း ၊ အရှေ့မြောက်ပိုင်း တက္ကသိုလ် ၊ ဘာဂလီ ဂီတ ကောလိပ် ၊ ဘန်ကာဟေးလ် အထိမ်းအမှတ် ကျောက်တိုင် နှင့် တရုတ်တန်း တို့တစ်လျှောက် ဖြတ်သန်း ပြေးဆွဲကြောင်း သိရသည်။

တရုတ် မီးရထားကုမ္ပဏီကြီး ဖြစ်သည့် China Railroad Rolling Stock Corporation (CRRC) က ယင်းရထားတွဲ များအား ဒီဇိုင်း ရေးဆွဲခဲ့ပြီး Springfield မြို့ရှိ ကုမ္ပဏီ၏ အမေရိကန် ကုန်ထုတ်လုပ်မှု စက်ရုံတွင် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဘော်စတွန် ရထားလိုင်းများတွင် ပြေးဆွဲနေသည့် မြေအောက် ရထားတွဲအဟောင်းများ နေရာတွင် အစားထိုး ထားသော ယင်းရထားတွဲသစ်များသည် ခရီးသည်များ သက်တောင့်သက်သာ ရှိစေရန် အတွင်းပိုင်း ကျယ်ဝန်းပြီး မြင်ကွင်းကျယ် ပြတွင်းပေါက်များ ၊ လက်ကိုင်တန်းများ နှင့် LED မီးစနစ် တို့ဖြင့် တည်ဆောက်ထားကြောင်း MBTA ထံမှ သိရသည်။

ယင်းရထားများပေါ်တွင် ပိုကောင်းသည့် နည်းပညာ ၊ မြင်ကွင်းကျယ် ပြတွင်းပေါက် များကဲ့သို့ ကောင်းမွန် သည့် အစိတ်အပိုင်း အများအပြား ရှိကြောင်း MBTA ၏ အထွေထွေ မန်နေဂျာ Steve Poftak က ရထားတွဲသစ်များကို မိတ်ဆက်သည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ယင်းရထားတွဲများမှာ ခရီးသည်များ အတွက် သွားလာရာတွင် ပိုမို စိတ်ချ ၊ အဆင်ပြေ နိုင်ရေး ထောက်ပံ့မှုများ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

MBTA ၏ ဝယ်လင်တန် တွဲရုံတွင် ၁၃ နှစ်ကြာ လုပ်ကိုင်သူ အလုပ်သမားများအား ကြီးကြပ်သူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားရာတွင် အဆိုပါ ရထားတွဲများသည် နောက်ဆုံး နည်းပညာ မျိုးဆက် ဖြစ်ပြီး အဆင့်မြင့် အီလက်ထရောနစ် နည်းပညာများကြောင့် ပြုပြင်ထိန်းသိမ်းရာတွင် များစွာ ပိုလွယ်ကူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် မီးရထားကုမ္ပဏီကြီး ဖြစ်သည့် CRRC က ဘော်စတွန် မြေအောက်ရထားလမ်း အနီရောင်လိုင်း အတွက်လည်း ရထားတွဲအသစ်များ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း MBTA ထံမှ သိရပြီး လိမ္မော်ရောင်လိုင်း နှင့် အနီရောင်လိုင်းများ အတွက် ထုတ်လုပ်သော ရထားတွဲများမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117