Connect with us

Europe

ရုရှားနိုင်ငံ မော်စကိုမြို့အနီး Airbus လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရ၊ လူ ၂၀ ခန့် ဒဏ်ရာရ

Ural လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့အနီးတွင် ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာသည့် Airbus လေယာဉ်တစ်စင်း သြဂုတ်လ ၁၅ ရက်က လေဆိပ်မှ ပျံတက်ထွက်ခွာပြီးနောက် မကြာမီမှာပင် အရေးပေါ်ဆင်းသက်ခဲ့ရရာ ကလေး ၅ ဦး အပါအဝင် လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

Ural လေကြောင်းလိုင်း၏ လေယာဉ် A321 သည် ၎င်း၏အင်ဂျင်များအား ငှက်များဖြင့် တိုက်မိပြီးနောက် မော်စကိုမြို့ အရှေ့တောင်ဘက်ရှိ Zhukovsky နိုင်ငံတကာလေဆိပ်အနီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ရုရှားနိုင်ငံ ဖက်ဒရယ်လေကြောင်းအေဂျင်စီ၏ ပြောကြားချက်အား ကိုးကား၍ Sputnik သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် မော်စကိုမြို့မှ Crimea ကျွန်းဆွယ်၊ စင်ဖာရိုပိုမြို့သို့ ခရီးသည် ၂၂၆ ဦး၊ လေယာဉ်ဝန်ထမ်း ၇ ဦးအား တင်ဆောင်ကာ ပျံသန်းထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ်သည် လေဆိပ်အနီး ပြောင်းခင်းတွင် ဆင်းသက်ခဲ့ရကြောင်း Sputnik သတင်းအရ သိရသည်။ ခရီးသည်အားလုံးကို လျင်မြန်စွာ ပြောင်းရွှေ့ခဲ့ရပြီး ဒဏ်ရာရသူများအား အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117