Connect with us

North America

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ၊ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိ


ဝါရှင်တန်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း ပင်ဆဲလ်ဗေးနီးယား(Pennsylvania)ပြည်နယ် ဖီလာဒဲလ်ဖီးယား (Philadelphia)မြို့တွင် သြဂုတ် ၁၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိ သေနတ်သမားများက ဖီလာဒဲလ်ဖီးယားမြို့မြောက်ပိုင်း ရပ်ကွက်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ အင်အား အလုံးအရင်းဖြင့် အချင်းဖြစ်နေရာကို သွားရောက်ခဲ့ရကြောင်း ယင်းမြို့ရဲတပ်ဖွဲ့က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ အချင်းဖြစ်နေရာကို အများပြည်သူ ရှောင်ကွင်းသွားရန် ရဲတပ်ဖွဲ့က တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

သေနတ်ပစ်ခတ်မှုမှာ သြဂုတ် ၁၄ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားရာ ရဲတပ်ဖွဲ့က လမ်းများကို ပိတ်ဆို့၍ မော်တော်ကားနှင့်အဆောက်အဦများကို အကာအကွယ်ပြုကာ သေနတ်သမားနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ရကြောင်း အမေရိကန် မီဒီယာများ၏ သတင်းများအရ သိရသည်။ ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များကို ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117