လန်ဒန်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) အစိုးရအပေါ်အယုံအကြည်မရှိအဆိုအား ဇန်နဝါရီ ၁၆ ရက်က ဗြိတိန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။
ရာအွန်ဒီ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံအနောက်တောင်ပိုင်း ရှိ စစ်မက်ဖြစ်ပွားနေသော အင်္ဂလိပ်ဘာသာစကားပြော ပြည်နယ် ၂ခုအနက် တစ်ခု ရှိ Buea-Kumba အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီ ၁၅ရက် က ခရီးသည် ၃၆ဦးကို သေနတ်သမားများက ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းအာဏာပိုင်များကပြောကြားခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးအသိုက်အဝန်း၏အရေးပါဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ၊ ထိုအခြေအနေမှာ နောင်နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲမည် မဟုတ်ကြောင်း ဗြိတိန် အောက်စ်ဖ့ိုဒ်တက္ကသိုလ် စီးပွားရေးသုတေသနဌာန၏ ဇန်နဝါရီ ၁၅ ရက် က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အာရပ် စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အစည်းအဝေး ကျင်းပရန် ပြင်ဆင်မှုများ ပြီးပြည့်စုံ သွားပြီ ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ Westlandsဒေသရှိ ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ညနေ ၃နာရီခန့်က လက်နက်ကိုင်အချို့ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ဆွေးနွေးထားသည့် Brexit သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်တွင် ဇန်နဝါရီ ၁၅ ရက်က မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။
ဒမတ်စကပ်(စ်)၊ဇန်နဝါရီလ ၁၅ ရက်(ဆင်ဟွာ) တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) ကဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုဖန်တီးတည်ဆောက်ရန် ပြောကြားခဲ့ခြင်းအပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၅ ရက် တွင်ဝေဖန်ပြောကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကပြော ကြားခဲ့သည်။
ဂါဇာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အီတလီသံရုံးအတွက် တာဝန်ထမ်းဆောင်နေသော အီတလီလူမျိုး ၃ဦးကို ဂါဇာ ရှိ ကုလသမဂ္ဂရုံးတစ်ခု တွင် ဟားမတ်စ်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပလပ်ဖြုတ်ထားသည့် ရေခဲသေတ္တာတစ်ခုအတွင်း၌ ကလေးငယ် ၃ဦး မတော်တဆ ပိတ်မိခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။