Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသား ၂၂ ဦး ထွက်ပြေးလွတ်မြောက်

ကင်မရွန်းနိုင်ငံ၌ အကျဉ်းထောင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ယောင်အွန်ဒီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ၏ တောင်ထူထပ်သော Adamawa ဒေသရှိ မေဂါနာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက အကျဉ်းသား ၂၂ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အကျဉ်းသားများက ထောင်နံရံတွင် အပေါက်တစ်ပေါက် အောင်မြင်စွာဖောက်ခဲ့ပြီး ဒေသစံတော်ချိန် ၄း၃၀ နာရီခန့်တွင် ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။

ထိုအကျဉ်းသားများအား ပြန်လည်ဖမ်းမိရန် လိုက်လံရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Adamawa ဒေသတွင် ဇန်နဝါရီလက ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများ များပြားလာခဲ့ကြောင်း၊ ကင်မရွန်းနိုင်ငံ သမ္မတ ပေါလ်ဘီယာ (Paul Biya) က အခြေအနေအား ထိန်းသိမ်းရန် “အထူးတပ်ဖွဲ့များ” စေလွှတ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယင်းအမှုများ ကျူးလွန်ခဲ့သော ပြန်ပေးသမားအချို့အား ဖမ်းမိခဲ့ပြီး အကျဉ်းချခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သူများအကြား ပြန်ပေးသမားများ ပါဝင်သလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ (Xinhua)