Connect with us

Eastern Europe

ရုရှားနိုင်ငံ၏ Tu-95 ဗုံးကျဲလေယာဉ် နှစ်စင်း Bering ပင်လယ်ပြင်ပေါ်ဖြတ်ကျော် လေ့ကျင့်ပျံသန်း

ရုရှားနိုင်ငံ၏ Tu-95 ဗုံးကျဲလေယာဉ် အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

သမုဒ္ဒရာပြင် ၂ဝ၁၉ ရေတပ်လေ့ကျင့်ရေး (Ocean Shield-2019 naval exercises) အစီအစဉ်တစ်ရပ်အနေဖြင့် ရုရှားနိုင်ငံ၏ Tu-95MS မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် နှစ်စင်းသည် အမေရိကန် တိုက်လေယာဉ်များခြံရံလိုက်ပါလျှက် Bering ဘီရင်းပယ်လယ်ပြင်ပေါ် ၁ဝ နာရီကျော်ကြာ ဖြတ်ကျော် လေ့ကျင့်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၈ ရက်တွင်ပြောကြားခဲ့သည်။

“ ရုရှားနိုင်ငံလေတပ်ရဲ့ Tu-95MS ဒုံးကျည်တပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် နှစ်စင်းဟာ သမုဒ္ဒရာပြင် ၂၀၁၉ ရေတပ်လေ့ကျင့်ရေး အစီအစဉ်အောက်မှာ Bering ဘီရင်းပင်လယ်ပြင်ရဲ့ နိုင်ငံတကာရေပိုင်နက်ပေါ် ဖြတ်ကျော်ပြီး လေ့ကျင့်ပျံသန်းမှုတွေ လုပ်ခဲ့ပါတယ်။ လေယာဉ်ဟာ ၁ဝ နာရီကျော်ကြာထိ ပျံသန်းနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းလေယာဉ်များကို အမေရိကန်လေတပ်မှ F-22 နှင့် F-18 ဂျက်တိုက်လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ခရီးရှည်ပျံသန်းလေ့ကျင့်မှုကို အာတိတ်ဒေသ ၊ အတ္တလန္တိတ်သမုဒ္ဒရာ ၊ ပင်လယ်နက် နှင့် ပစိဖိတ်သမုဒ္ဒရာများအတွင်းက နိုင်ငံတကာရေပိုင်နက်ပေါ် ဖြတ်ကျော်ပျံသန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းပျံသန်းမှုတွင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို အပြည့်အဝလိုက်နာခဲ့ကြောင်း နှင့် မည်သည့် နိုင်ငံများ၏ အချုပ်အခြာပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Ocean Shield-2019 ရေတပ်လေ့ကျင့်မှုကို ဘောလ်တစ်ပင်လယ်(Baltic) တွင် သြဂုတ် ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ယင်းလေ့ကျင့်မှုတွင် ရုရှားရေတပ် နှင့် လေတပ်မှ သင်္ဘော ၄၉ စီး ၊ ရေတပ်သုံး မော်တော်ဘုတ်များ ၊ ထောက်ပံ့ရေးသင်္ဘော ၂ဝ စီး ၊ လေယာဉ် ၅၈ စီးပါဝင်ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁ဝ,၆၃၄ ဦးပါဝင်လေ့ကျင့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)