ဟောင်ကောင်၊ မေ ၉ ရက် (ဆင်ဟွာ) ပါပူဝါ နယူးဂီနီ နိုင်ငံ ကိုကိုပိုမြို့ အနောက်တောင်ဘက်၏ တောင်ပိုင်း ၁၇၇ ကီလိုမီတာ တွင် မေ ၉ ရက်က ရစ်ချ်တာစကေး ၆.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။
တိုကျို၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စွမ်းရည်ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် စွမ်းအင်ချွေတာရေး စသည့်နယ်ပယ်များ၌ ပူးတွဲစီမံကိန်းများကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသစ်ဖြင့် လုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေလ ၉ ရက်တွင်...
ပဲရစ် ၊ မေလ ၉ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ထရန့်က အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ၊ ၎င်းသဘောတူညီချက်ကို ပြင်သစ်၊ဗြိတိန်၊ဂျာမနီ ၃ နိုင်ငံက ဆက်လက် ထိန်းသိမ်းလိုက်နာသွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ် မေခရွန် ၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊...
ဒမတ်စကပ်စ်၊ မေ ၉ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ လေကြောင်း ကာကွယ်ရေးစနစ်များက မြို့တော် ဒမတ်စကပ်စ်မြို့ တောင်ဘက် Kisweh မြို့ တွင် မေ ၈ ရက် ညနေပိုင်းက အစ္စရေး၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ပြီး ဒုံးကျည်၂စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ မေလ ၉ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထားရှိသင့်ကြောင်း ၊ သဘောထားကွဲလွဲချက် များကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသင့်ကြောင်း အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်နေသည့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကုံးရှောင်ဆန်း(Gong Xiao Sheng)က မေလ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်နှင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Khyber Pakhtunkhwa ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတို့တွင် မေလ ၉ ရက် နံနက်ပိုင်းက အင်အား ၅.၅ ရစ်ချ်တာစကေး ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ...
ကိဗ်၊ မေ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း Cherkassy မြို့တွင် အဆိပ်သင့်မှုဟု ယူဆရသော ဖြစ်စဉ်ကြောင့် အနည်းဆုံး ကလေးငယ် ၅၁ဦး နှင့် ဆရာ ၂ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်ကိစ္စရပ်များဌာန က မေ ၈...
ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်က အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မှာ တစ်ကမ္ဘာလုံးကပင် တားဆီးလက်မခံမှုများ နှင့် ရှုတ်ချမှုများကို ချက်ချင်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
နယူးယောက် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Eric Schneidermanကို အမျိုးသမီး ၄ ဦး က လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ရာ ၎င်းက မေလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင် ရထားဝန်ထမ်းများအဖွဲ့သည် လစာပိုမိုရရှိရန် နှင့် အစိုးရက နိုင်ငံတော်ပို့ဆောင်ရေးလုပ်ငန်း အား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုကို ဆန့်ကျင်သည့် အနေဖြင့် မေ ၈ရက်မှ စ၍ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။