Connect with us

Africa & Middle East

အကျဉ်းသား ၈ဦးလွှတ်ပေးခဲ့ကြောင်း ဆီးရီးယား နိုင်ငံ မှ ဂျော်ဒန်နိုင်ငံသို့ အသိပေး

ဆီးရီးယား၊ ဂျော်ဒန်၏ နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် သွားလာနေကြသော မော်တော်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အာမန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် အကျဉ်းကျနေသော ဂျော်ဒန်နိုင်ငံသား ၈ဦး ကို ဆီးရီးယားဘက်မှ လွှတ်ပေးရန် ဆုံးဖြတ်ချက်ချပြီးကြောင်း ဂျော်ဒန်နိုင်ငံဘက်မှ ဧပြီလ ၈ ရက်နေ့တွင်ပြောခဲ့သည်။

ထိုသတင်းအား ဂျော်ဒန်နိုင်ငံဆိုင်ရာဆီးရီးယားသံရုံးမှ စာချွန်လွှာတစ်ရပ်တွင်တရားဝင်အတည်ပြုပြီး ဖြစ်ကြောင်းသိရသည်။ အဆိုပါအကျဉ်းသား ၈ဦးသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နှစ်နိုင်ငံနယ်စပ် ပြန်လည်ဖွင့်လှစ်ပြီး နှစ်ဖက်ပြန်လည်ဖြတ်သန်းခွင့် ပြုပြီးကတည်းက ဆီးရီးယား ဘက်မှ ဖမ်းဆီးထားသည့် အယောက် ၃၀ထဲမှ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ Sufian Qudah ကပြောသည်။

ဆီးရီးယားနိုင်ငံ ၏ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း၊ ဂျော်ဒန်နိုင်ငံဘက်မှ ပြောကြားခဲ့ပြီး၊ ကျန်ရှိနေသေးသော အကျဉ်းသားများကိုလည်းဆက်လက်လွှတ်ပေးရန် ဖြည့်စွက်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကိုလိုက်နာ၍ ထိန်းသိမ်းခံထားရသော ဂျော်ဒန်နိုင်ငံသားအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရန် ဧပြီလ ၄ ရက် တွင် ဂျော်ဒန်နိုင်ငံဘက်မှ တောင်းဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.