Connect with us

Europe

နှစ်ပေါင်း ၃,၆၀၀ သက်တမ်းရှိ သဘောၤပျက်အား တူရကီ မြေထဲပင်လယ် ကမ်းရိုးတန်းတွင် တွေ့ရှိ

အေဂျင်(Aegean)ပင်လယ် တစ်နေရာအား ကောင်းကင်မှ တွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဖြစ်နိုင်ဖွယ် ရှိသော နှစ်ပေါင်း ၃,၆၀၀ သက်တမ်းရှိ သဘောၤပျက် တစ်စီးအား တူရကီ နိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် ကမ်းရိုးတန်း အလွန် ပင်လယ်ပြင်၌ တူရကီ ရှေးဟောင်း သုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း Anadolu အေဂျင်စီက ဧပြီ ၈ ရက်တွင် ဖော်ပြမှု အရ သိရသည်။

ဘီစီ ၁၆၀၀ ကြေးခေတ် အတွင်းကဟု ခန့်မှန်းရသော သဘောၤပျက်ကို မြေထဲ ပင်လယ် ကမ်းရိုးတန်း အလွန်တွင် Akdeniz တက္ကသိုလ်မှ ရေအောက် သုတေသန အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်သဘောၤသည် ကြေးနီ အတောင့် ၁.၅ တန် သယ်ဆောင် ထားပြီး အရှည် ၁၄ မီတာ နှင့် ရေစူး မီတာ ၅၀ ရှိကြောင်း သိရသည်။

သဘောၤက ကရိ(Crete)ကျွန်း သို့မဟုတ် အေဂျင်(Aegean)ပင်လယ်သို့သွားလာနေစဉ် မုန်တိုင်းမိ နစ်မြုပ်ခဲ့သည်ဟု သုတေသန လေ့လာသူများက ယုံကြည်ကြကြောင်း သိရသည်။

ယင်းက ကမ္ဘာ့သက်တမ်း အရင့်ဆုံး သဘောၤပျက်အား ရှာဖွေ တွေ့ရှိမှု ဖြစ်နိုင်သကဲ့သို့လူသားတို့၏ သမိုင်းတွင် အစောဆုံး စက်မှု ထုတ်ကုန်များကို သယ်ဆောင်လာခဲ့သော သဘောၤ ဖြစ်၍ “ရှေးဟောင်း သုတေသန သမိုင်းမှတ်တိုင် ” အဖြစ် သတင်းစာ ရှင်းလင်းပွဲတွင် Antalya ပြည်နယ် အစိုးရ အရာရှိ Munir Karaoglu က ပြောကြားခဲ့သည်။

ယခုအချိန်ထိ ကမ္ဘာ့သက်တမ်း အရင့်ဆုံး အဖြစ် လူသိများသော နှစ်ပေါင်း ၂,၄၀၀ ကျော် သက်တမ်းရှိ ဂရိ ကုန်သဘောၤပျက် တစ်စီးအား ဘူဂေးရီးယား ပင်လယ်နက်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117