Connect with us

Africa & Middle East

အစ္စရေးအတိုက်အခံခေါင်းဆောင် Gantz က “ သမိုင်းဝင်အောင်ပွဲနေ့” ဟုကြွေးကြော် ၊ အစိုးရဖွဲ့မည်ဟု ကတိပြု


ဂျေရုဆလမ် ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု(Benjamin Netanyahu) ၏ အဓိကပြိုင်ဖက် ဘန်နီဂန့်Benny Gantz က ဧပြီ ၉ ရက် ညပိုင်းတွင် ပါလီမန်ရွေးကောက်ပွဲ အနိုင်ရကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီး အစ္စရေးနိုင်ငံစည်းလုံးညီညွတ်အောင် ဆောင်ရွက်ခြင်း နှင့် အားလုံး၏ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

“ အစ္စရေးအတွက် သမိုင်းဝင် အောင်ပွဲနေ့ပါပဲ” ဟု ၎င်းအားထောက်ခံသူ ထောင်ပေါင်းများစွာ စုဝေးအောင်ပွဲခံနေသည့် တဲလ်အဗစ်မြို့ရှိ အသစ်ဖွဲ့စည်းထားသော အပြာ နှင့် အဖြူရောင်ပါတီ၏ ဌာနချုပ်တွင် ဂန့်(Gantz) ကပြောကြားခဲ့သည်။ထောက်ခံသူများက “ နောက်ဝန်ကြီးချုပ် လာပါတော့မည်” ဟူ၍ အော်ဟစ်ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

“ ကျွန်တော်ဟာ ကျွန်တော့်ကို မဲပေးခဲ့တဲ့ လူတွေအတွက် သက်သက်မဟုတ်ဘဲ အားလုံးရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။ ဘယ်ပါတီက လူတစ်ဦးတစ်ယောက်မျှ စိတ်သောကဖြစ်စရာအကြောင်းမရှိပါဘူး။ ဘယ်လိုအတူတကွလက်တွဲ လုပ်သွားနိုင်မလဲဆိုတာနဲ့ ဆွေးနွေးပွဲထဲကို အားလုံးပါဝင်လာအောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာပဲ ကျွန်တော်တို့အားလုံးစဉ်းစားဖို့လိုတာပါ”ဟု ၎င်းကဆိုသည်။

အစ္စရေးရွေးကောက်ပွဲတွင် ရလဒ်ကောင်းထွက်ပေါ်ခဲ့၍ အောင်ပွဲခံနေကြသော အပြာ နှင့် အဖြူ ပါတီဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးရွေးကောက်ပွဲတွင် ရလဒ်ကောင်းထွက်ပေါ်ခဲ့၍ အောင်ပွဲခံနေကြသော အပြာ နှင့် အဖြူ ပါတီဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးရွေးကောက်ပွဲတွင် ရလဒ်ကောင်းထွက်ပေါ်ခဲ့၍ အောင်ပွဲခံနေကြသော အပြာ နှင့် အဖြူ ပါတီဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးစစ်တပ်အကြီးအကဲဟောင်း နှင့် ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မည့် ဂန့်က အစ္စရေးနိုင်ငံ၏ လက်ရှိ သက်တော်ရှည်ဝန်ကြီးချုပ်အနေဖြင့် ရာထူးမှ ဆင်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ အစ္စရေးနိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဘင်ဂျမန်နေတန်ယာဟုကို ကျွန်တော်တို့ကျေးဇူးတင်စကားဆိုရမှာပါ” ဟု ဂန့်က ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံ၏ နောက်အစိုးရအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

“ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို လေးစားရမှာပါ”ဟု ၎င်းကဆိုသည်။

အစ္စရေးနိုင်ငံ၏ အဓိကရုပ်သံလိုင်း သုံးခုမှ ထုတ်ပြန်သည့် မဲရလဒ်များတွင် ကွဲပြားမှုများ ရှိနေခဲ့ပြီး ၎င်းတို့အနက် ရုပ်သံလိုင်းတစ်ခုက ဂန့်၏ အပြာ နှင့် အဖြူ ပါတီသည် တစ်နိုင်ငံလုံး တောင်ပြိုကမ်းပြို အနိုင်ရကြောင်း ဖော်ပြခဲ့ရာ ကျန်ရုပ်သံလိုင်းနှစ်ခုက မဲရလဒ်များမှာ အကြိတ်အနယ်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

ဂန့် နှင့် နေတန်ယာဟု နှစ်ဦးစလုံးက ပါလီမန်ရွေးကောက်ပွဲတွင် ၎င်းတို့အနိုင်ရကြောင်း အသီးသီးထုတ်ဖော်ကြေညာခဲ့ကြသည်။ တရားဝင် မဲစာရင်းရလဒ်များကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် ထုတ်ဖော်ကြေညာပေးသွားရန် ရှိကြောင်း မျှော်လင့်ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.