Connect with us

Asia

ဂျပန်လေတပ်မှ F-35 ဂျက်တိုက်လေယာဉ်တစ်စင်း ပစိဖိတ်သမုဒ္ဒရာထဲပျက်ကျ ၊ လေယာဉ်မှူးအား ရှာဖွေနေဆဲဖြစ်

ဂျပန်နိုင်ငံ၏ F-35 ဂျက်တိုက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Takeshi Iwaya က F-35 ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဧပြီ ၉ ရက်တွင် ပျံသန်းရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲသို့ပျက်ကျပျောက်ဆုံးသွားကြောင်း ဧပြီ ၁ဝ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Iwaya က ရေပေါ်တွေ့ရသော အပျက်အစီးအပိုင်းအစများမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းပျက်ကျသွားသော တိုက်လေယာဉ်၏ အစိတ်အပိုင်းများဖြစ်ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း ဆိုသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးက အသက် ၄ဝ နှစ်အရွယ် ဗိုလ်မှူးတစ်ဦးသည် လေယာဉ်မှူးတစ်ဦးတည်းလိုက်ပါစီးနင်းရသည့် F-35 ဂျက်တိုက်လေယာဉ်နှင့်အတူ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ ပျောက်ဆုံးလေယာဉ်မှူးကို ကယ်ဆယ်ဖို့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု Iwaya က ဆိုသည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(SDF) က ရှာဖွေရေး နှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဧပြီ ၉ ရက်၌ F-35 ဂျက်တိုက်လေယာဉ်သည် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားပြီးနောက်တွင် ဂျပန်ကမ်းခြေစောင့်တပ်အနေဖြင့် လေယာဉ် နှင့် သင်္ဘောများဖြင့် ကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပျက်ကျသွားသည့် လေယာဉ်သည် အခြားသော F-35 ဂျက်တိုက်လေယာဉ်သုံးစင်းနှင့်အတူ လေ့ကျင့်ရေးအစီအစဉ်တစ်ခုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် လေယာဉ်မပျောက်ဆုံးမီ ပြဿနာတစ်စုံတစ်ရာရှိသည်ဆိုသော မည်သည့်သတင်းပေးပို့ချက်မျှ လက်ခံရရှိခဲ့ခြင်း မရှိကြောင်း SDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပျောက်ဆုံးဂျက်လေယာဉ်သည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း Misawa လေတပ်အခြေစိုက်စခန်းမှ ဧပြီ ၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် စတင်ပျံသန်းထွက်ခွာလာကြောင်း SDF က ဆိုသည်။

၎င်းလေယာဉ်သည် အခြေစိုက်စခန်းမှ ၁၃၅ ကီလိုမီတာအကွာရှိ Aomori စီရင်စု ကမ်းရိုးတန်းတစ်လျှောက်တွင် ပျံသန်းနေစဉ် မြေပြင်မှ စတင်ထွက်ခွာပြီး မိနစ် ၃ဝ ခန့်တွင် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း SDF က ဆိုသည်။

လက်ရှိတွင် Misawa လေတပ်အခြေစိုက်စခန်း၌ F-35 ဂျက်တိုက်လေယာဉ် ၁၃ စင်းရှိကြောင်း ၊ ယင်းစခန်းတွင် တပ်ဖွဲ့ဝင် ၈ဝ ဦးဖြင့်ဖွဲ့စည်းထားသည့် တိုက်လေယာဉ်အုပ်စုသစ်တစ်ခုကို ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါလေယာဉ်အုပ်စုကို လက်ရှိတွင် ပျံသန်းခြင်းမပြုစေဘဲ ရပ်နားထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကယနေ့တွင်ပြောကြားခဲ့သည်။

F-35 A ဂျက်တိုက်လေယာဉ် စုစုပေါင်း ၁ဝ၅ စင်း ၊ ပြေးလမ်းတိုပျံတက်နိုင်သည့် F-35 B လေယာဉ် ၄၂ စင်း ၊ ဘက်စုံသုံး ကိုယ်ပျောက်တိုက်ခိုက်ရေးလေယာဉ်အုပ်စုများသည် ဂျပန်နိုင်ငံ၏ နောက်မျိုးဆက် တိုက်ခိုက်ရေးလေယာဉ်အဓိကအင်းအားစု ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်များကို သက်တမ်းရင့် F-4 ဂျက်တိုက်လေယာဉ်များနေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ F-35 A တိုက်လေယာဉ်တစ်စင်း၏ တန်ဖိုးသည် ဂျပန်ယန်း ၁ဝ ဘီလီယံ ( အမေရိကန်ဒေါ်လာ သန်း ၉ဝ ) ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.