Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဆို

ကုလသမဂ္ဂထောက်ခံသည့် လစ်ဗျားအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင်းဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး လစ်ဗျားနိုင်ငံတွင်းရှိ အဖွဲ့အစည်းများအားလုံးကို သွေးထွက်သံယိုဖြစ်စေမည့် ရန်လိုမှုများ ရပ်တန့်ပေးရန် တောင်းဆိုမှုလည်း ပြုလုပ်ခဲ့ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်က ပြောကြားခဲ့သည်။

စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးလာခြင်းက ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုများ နှစ်ဆတိုးမြင့်လာစေကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံရေးအရအဖြေရှာခြင်းသည် လစ်ဗျားနိုင်ငံ၏ တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းရန် လက်ရှိအကျပ်အတည်းကာလအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လစ်ဖျားတွင် ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) ဦးဆောင်သော တပ်ဖွဲ့များက ကုလသမဂ္ဂက ကျောထောက် နောက်ခံပြုထားသော လစ်ဗျားအစိုးရရုံးအခြေစိုက်ရာ နိုင်ငံ အနောက်ဘက်ပိုင်း ထရီပိုလီမြို့အား ရယူရန် ဧပြီလ ၄ ရက်က စတင်၍ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117