Connect with us

Africa & Middle East

ယီမင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသား ၁၄ဦး သေဆုံးခဲ့ကြောင်း ကုလပြောကြား

ယီမင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြို့တော် ဆာနားမြို့ တွင် ဧပြီ ၇ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၄ဦး သေဆုံးပြီး အခြားလူ ၁၆ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် အများစုမှာ ၉နှစ်အောက်ကလေးငယ်များ ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဆာနားမြို့ရှိ ဆေးဝန်ထမ်းတစ်ဦးက ဧပြီ ၇ ရက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ကျောင်းသူ ၇ဦးအပါအဝင် ၁၅ဦးအထိ ရှိလာခဲ့ကြောင်း နှင့် ကျောင်းသူ အများစု ပါဝင်သော လူ ၁၀၀ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဧပြီ ၇ ရက် ပေါက်ကွဲမှုသည် ဆာနားမြို့ အရှေ့ဘက်ရှိ လူဦးရေအထူထပ်ဆုံးဖြစ်သော ဆာဝမ်ရပ်ကွက် ၏ စာသင်ကျောင်း ၂ကျောင်း အနီးရှိ ကုန်လှောင်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၉ ရက်တွင် Hodeidah ဆိပ်ကမ်းမြို့ အနီးရှိ Hajjah မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၂ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အပါအဝင် ၂၀၁၉ခုနှစ်မှ စ၍ ကလေး ၄၀၀ဦးကျော် သေဆုံး (သို့) အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ပြောကြားချက်အရ သိရသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ယီမင်နိုင်ငံ တွင် ၂၀၁၄ခုနှစ်မှစ၍ ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် လူ ၂,၆၇၂ဦး သေဆုံးခဲ့ပြီး လူ ၄,၃၇၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.