မွမ်ဘိုင်း၊ မေ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် Pune မြို့ Urali Devachi ရပ်ကွက်ရှိ အဝတ်အထည်ဆိုင်တစ်ခုတွင် မေလ ၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရီယိုဒီ ဂျနေးရိုး ၊ မေ ၉ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ အစိုးရက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း မေ ၈ ရက်တွင် ကြေညာခဲ့သည်။
ကဘူးလ်၊ မေ ၉ ရက်(ဆင်ဟွာ) တာလီဘန်လက်နက်ကိုင်များက မေ ၈ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဌာနအဆောက်အဦပြင်ပ၌ အသေခံကားဗုံးခွဲတိုက်ခိုက်ရာ တိုက်ခိုက်သူ ၁ ဦး သေဆုံးပြီး လူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ အရာရှိက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၉ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက် ၌ အီရတ် နိုင်ငံ ၏ သံ ၊ သံမဏိ ၊ အလူမီနီယံ နှင့် ကြေးနီ စသည့်...
ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အဓိကစစ်လက်နက်ထုတ်လုပ်သော လော့ခ်ဟိဒ်မာတင်(Lockheed Martin) က F-35A ဂျက်တိုက်လေယာဉ်များ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ သန်း ၈ဝ အထိ စံချိန်တင် ဈေးချခဲ့ကြောင်း ဒေသတွင်းမီဒီယာများက မေ ၈ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်တွင် မေလ ၈ ရက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း၊ ဒေသခံများအကြား ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၈ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoသည် မေ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရုတ်တရက်ရောက်ရှိလာပြီး အီရတ်ရှိ အမေရိကန်အကျိုးစီးပွားကို အာမခံမှုရရှိစေရန်နှင့် အီရန်၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် အီရတ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။
ဘာလင်၊ မေ ၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမြောက်ပိုင်း Rendsburg မြို့အနီးတွင် ရထားတစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူအယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Focus Online ဒေသခံသတင်းမီဒီယာက မေလ ၈ရက် တွင်ဖော်ပြခဲ့သည်။
ကိုလံဘို ၊ မေ ၈ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံသို့ဧပြီလ အတွင်း ကမ္ဘာလှည့် ခရီးသည် ၁၆၆,၉၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ၊ ပြီးခဲ့သော အီစတာ ပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့် ခရီးသည်များက ခရီးစဉ်ပေါင်း များစွာကို ဖျက်သိမ်းခဲ့သဖြင့် နိုင်ငံ အတွင်း...
ဒါကာ၊ မေ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖန်နီ (Fani) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကောက်ပဲသီးနှံတန်ဖိုးမှာ တာကာငွေ သန်း ၃၈၀ (အမေရိကန်ဒေါ်လာ ၄.၅ သန်း) ခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ခဲ့သည်။