ပြုံယမ်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအမတ် သည် ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိသည့် အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ၏ သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် အီရန်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။
မော်စကို ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် က ဇူလိုင်လ ၃၀ ရက်နေ့၌ ရုရှား နိုင်ငံ ရုပ်သံလိုင်း ၏ တွေ့ဆုံမေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန်...
နယူးဒေလီ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူများက ဂူဂျီရက်ကမ်းခြေအလွန်တွင် ဘိန်းဖြူ အလေးချိန် ၁၅၀၀ကီလိုဂရမ်ခန့် တင်ဆောင်လာသည့် ပနားမားသင်္ဘောတစ်စီးကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က ပြောကြားခဲ့သည်။
အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ပြည်တွင်း ရွှေ့ပြောင်းအခြေချ ဒုက္ခသည်စခန်းတစ်ခု တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရတာဝန်ရှိသူများက ဇူလိုင် ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် ဇူလိုင် ၂၉ ရက်က ယာဉ်မတော်တဆမှုတစ်ခု ကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ လမ်းအန္တရာယ်ကင်းရှင်းရေးရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မက်ဒရစ်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဘာဆီလိုနာ မြို့တွင် ဇူလိုင် ၂၉ ရက် ညက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့မှုကြောင့် လူပေါင်း ၂၂,၀၀၀ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ဋ္ဌာနများက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝက်စ်ရှရစ်ဖ်သည် အကျင့်ပျက်ခြစားမှုကြောင့် တရားရုံးချုပ်တွင် တရားစွဲခံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအသစ် ပြုလုပ်ရန် ဥပဒေမူကြမ်း တစ်စောင်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အတည်ပြုခဲ့ကြောင်းနှင့် လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း ဇူလိုင်လ ၂၈ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇူလိုင်လ ၂၈ ရက်နေ့၌ အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ ဒုံးကျည် ပစ်လွှတ်မှု နှင့် ပတ်သက်၍ အီရန် နိုင်ငံ အပေါ်...
ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော် အကြီးအကဲအသစ်အဖြစ် အမိမြေလုံခြုံရေးဝန်ကြီး ဂျွန်ကယ်လီအား အမည်စာရင်း တင်သွင်းလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လ ၂၈ ရက်တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။