Connect with us

Africa & Middle East

အီရတ်တွင် အမေရိကန်တပ်များ ရှိနေခြင်းအပေါ် အီရတ် ဝန်ကြီးချုပ် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့ ဆွေးနွေးပြောဆို

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ) နှင့် အီရတ်နိုင်ငံ ဝန်ကြီးချုပ် Adel Abdul Mahdi (ယာ) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ မတ် ၇ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Adel Abdul Mahdi နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး အီရတ်နိုင်ငံ ၌ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ တရားဝင်အခြေချ တည်ရှိနေခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း Abdul Mahdi ၏ ရုံးမှ မတ် ၆ရက်တွင်ပြောကြားခဲ့သည်။

Adel Abdul Mahdi သည် Pompeo ထံမှ တယ်လီဖုန်းခေါ်ဆိုမှုတစ်ရပ် လက်ခံရရှိခဲ့ပြီး အီရတ်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ၏ဆောင်ရွက်ချက်များအပါအဝင် နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် တရားဝင်မူဘောင်တစ်ခုအား အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ယင်းတပ်ဖွဲ့ဝင်များ ထားရှိရခြင်း၏ ရည်ရွယ်ချက်မှာ IS စစ်သွေးကြွများအား တိုက်ခိုက်ရန် နှင့် အီရတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပြီး အီရတ်မြေပေါ်၌ ပြည်ပစစ်စခန်းတစ်ခု တည်ထောင်ရန်မဟုတ်ကြောင်း၊ မဟာမတ်တပ်ဖွဲ့၏ လုပ်ဆောင်ချက်အားလုံးအတွက် အီရတ်အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းခံရန် နှစ်ဖက်စလုံးက အတည်ပြုပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

နှစ်ဖက်စလုံးသည် စီးပွားရေးကိစ္စရပ်များ၊ အီရတ်စစ်တပ်၏ စွမ်းဆောင်ရည်အား ထောက်ပံ့ရေးနှင့် လွတ်လပ်ရေးရရှိရန် ဆောင်ရွက်ပေးရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီရတ်ရှိ IS စစ်သွေးကြွများအား တိုက်ခိုက်နေစဉ်အတွင်း အီရတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးရန် အီရတ်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ကျော် ဖြန့်ကျက်ထားကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ဝင်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အီရတ် နှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးရှိ IS ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.