Connect with us

Europe

ဘူတန်နိုင်ငံက ရင်ချင်းဆက်အမွှာ ခွဲစိတ်မှုအောင်မြင်ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိ

ဘူတန်နိုင်ငံမှ ရင်ချင်းဆက်အမွှာဖြစ်သော နီမာ (Nima) နှင့် ဒါဝါ (Dawa) တို့အား ခွဲစိတ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ)

ဘူတန်နိုင်ငံမှ ရင်ချင်းဆက်အမွှာဖြစ်သော နီမာ (Nima) နှင့် ဒါဝါ (Dawa) တို့သည် သြစတြေးလျနိုင်ငံတွင် ခွဲစိတ်မှုခံယူပြီးနောက် လေးလနီးပါးအကြာတွင် မဲလ်ဘုန်းလေဆိပ်မှ မတ်လ ၆ ရက်တွင် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ရင်ချင်းဆက်မွေးဖွားလာသော အဆိုပါ အမွှာမိန်းကလေးများအား ခွဲစိတ်ရန် သူနာပြု၊ ခွဲစိတ်ဆရာဝန်နှင့် အထူးကု စုစုပေါင်း ၂၅ ဦးပါဝင်သော ခွဲစိတ်အဖွဲ့က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် မဲလ်ဘုန်းမြို့ရှိ တော်ဝင်ကလေးဆေးရုံတွင် ကာလရှည် ခွဲစိတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

ထိုအချိန်ကစ၍ ယင်းမိန်းကလေးများသည် နလန်ထူပြီး Children First Foundation ၏ ဧည့်သည်များအဖြစ် ၎င်းတို့၏ ဘဝသစ်များကို ရရှိနေပြီဖြစ်ကြောင်း မိန်းကလေးများ ခွဲစိတ်ရန်နှင့် ခရီးသွားရန်အတွက် တာဝန်ယူထားသော အဆိုပါအဖွဲ့အစည်းက ပြောကြားခဲ့သည်။

အန္တရာယ်ကြီးလှသော ခွဲစိတ်မှုတစ်လျှောက်လုံး ၎င်းတို့ရောက်ရှိခြင်းနှင့် စိုးရိမ်ဖွယ်အခြေအနေများက စောင့်ကြည့်ခဲ့ကြသည့် သြစတြေးလျနိုင်ငံသားများ၏ နှလုံးသားများကို ယခုအခါ မိခင်ဘူတန်နိုင်ငံသို့ အသက် ၁၉ လအရွယ်ရှိပြီဖြစ်သော အဆိုပါ မိန်းကလေးများ ပြန်သွားမှုက သိမ်းကျုံးဖမ်းစားထားနိုင်ခဲ့သည်။

ခရီးစဉ်တစ်လျှောက်လုံး မိန်းကလေးငယ်များနှင့် အတူတကွလိုက်ပါခဲ့သော ၎င်းတို့၏ မိခင် ဘွမ်ချူ (Bhumchu) က ၎င်းတို့မိသားစုအား သြစတြေးလျနိုင်ငံသို့ ခေါ်ဆောင်ရာတွင် ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး ရင်ချင်းဆက်နေသည်ကို ခွဲထုတ်ခဲ့ပြီးဖြစ်သဖြင့် သမီးငယ်လေးများ၏ ဘဝအတွက် ထာဝရကောင်းသောပြောင်းလဲခြင်း ဖြစ်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.