Connect with us

Europe

တူရကီသမ္မတအာဒိုဂန်က ရုရှားထံမှ S-500 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူဖွယ်ရှိကြောင်း ပြောကြား

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မတ် ၇ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတ အာဒိုဂန်က S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီခဲ့ပြီးနောက် အနာဂတ်တွင် S-500 စနစ်ကိုပါ ဝယ်ယူရေး သဘောတူညီမှုအသစ်တစ်ခု လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

“ရုရှားနဲ့သဘောတူလက်မှတ်တစ်ခု ရေးထိုးပြီး S-400 ကိစ္စကို အလုံးစုံပြီးအောင်လုပ်ခဲ့ပြီ။ ပူးတွဲထုတ်လုပ်မှုကို စတင်တော့မှာပါ။ နောက်ပိုင်းမှာတော့ S-500 အနာဂတ်မျိုးဆက်ကိုလည်း ဆက်ကြည့်သွားဖို့ဖြစ်နိုင်ပါတယ်” ဟု 24TV ရုပ်သံလိုင်းနှင့်ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတွင် အာဒိုဂန်က ဆိုသည်။

ရုရှား S-400 လေကြောင်းရန်ကာကွယ်စနစ်ဝယ်ယူမှုသည် အမေရိကန်နိုင်ငံနှင့်သဘောတူညီထားသော F-35 ဝယ်ယူရေးသဘောတူညီချက်အပေါ် ထိခိုက်နိုင်စေကြောင်း အမေရိကန်အစိုးရ၏ သတိပေးချက်ထွက်ပေါ်လာပြီးနောက်တွင် အာဒိုဂန်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တူရကီနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ယူမှုကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက အမေရိကန်နိုင်ငံက တူရကီနိုင်ငံ၏ F-35 တိုက်လေယာဉ်ဝယ်ယူရေးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းသွားဖွယ်ရှိကြောင်း မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။

တူရကီ နှင့် ရုရှား တို့သည် တူရကီနိုင်ငံအား S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ရောင်းချရေးအတွက် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လတွင် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် အဆိုပါဒုံးကျည်ကာကွယ်ရေးစနစ်များ ပထမအသုတ်ကို ၂ဝ၁၉ ခုနှစ် နှောင်းပိုင်းတွင် တူရကီနိုင်ငံသို့ပေးပို့သွားမည်ဖြစ်သည်။

အမေရိကန်အစိုးရအရာရှိများ နှင့် ဗိုလ်ချုပ်ကြီးများက နေတိုးစနစ်များထဲသို့ရုရှားနိုင်ငံထုတ် ကာကွယ်ရေးစနစ်များ ဝင်ရောက်လာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ယင်းမှာ ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ စစ်လက်နက်နည်းပညာများထဲသို့ထိုးဖောက်ဝင်ရောက်ခွင့် ပြုရာရောက်ကြောင်း ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.