ဖနွမ်းပင် ၊ မတ် ၄ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ကမ္ဘောဒီးယားနှင့် စင်ကာပူနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မတ်လ ၄ ရက်တွင် သံန္နိဋ္ဌာန်ချခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
နိုင်ရိုဘီ၊ မတ် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း Turkana ကောင်တီတွင် မတ်လ ၃ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကဘူးလ်၊ မတ် ၄ ရက်(ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကျင်းပသည့် အမေရိကန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် သိသာ ထင်ရှားသည့်အောင်မြင်မှု မရရှိသေးကြောင်း ၊ ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း အာဖဂန်နိုင်ငံ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Mujahidက မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS စစ်သွေးကြွများ ထိန်းချုပ်ထားသော ဧရိယာတစ်ခုကို အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က မတ် ၃ ရက်တွင် အဆိပ်သင့် အဖြူရောင်ဖော့စဖောရက်ဗုံးများ ဖြင့် တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးခဲ့ကြောင်း SANA သတင်းဌာနက...
နယူးယောက်၊ မတ် ၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ Zirandaro မြို့ အနောက်မြောက် အနောက်ဘက် ၌ မတ် ၃ရက် ဂရင်းနစ်စံတော်ချိန် ၁၅း၂၅း၅၇နာရီတွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၂ ဦးထိရှိလာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)
ကဘူးလ် ၊ မတ် ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂ဝဦးသေဆုံးပြီး အခြားလူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့(မတ် ၃ ရက်)တွင်ပြောကြားခဲ့သည်။
ဂါဇာ၊ မတ် ၃ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်၏ မောင်းသူမဲ့လေယာဉ်များသည် အစ္စရေးနယ်စပ် နှင့် ထိစပ်နေသော ဂါဇာကမ်းမြောင်ဒေသ အရှေ့ဘက်ရှိ စစ်စခန်းများကို မတ် ၂ ရက် က တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ နှင့် ဂါဇာရှိ ပြည်တွင်း အသံလွှင့်ရုံတစ်ခုက ပြောကြားခဲ့သည်။
ဟာဗားနား၊ မတ် ၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံ စစ်ရေးအရတိုက်ခိုက်ရန် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်နေကြောင်း မတ် ၂ ရက် က သတိပေးပြောကြားလိုက်သည်။
မနီလာ၊ မတ် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Luzon ကျွန်း ရှိ Ilocos Norte ပြည်နယ် တွင် မတ် ၃ ရက် အရုဏ်တက်ချိန်တွင် အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့်...