၁.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် ရုရှား ၁ – ၁ စပိန် (၄၁’ပယ်နယ်တီ) (၁၂’) ၄- ၃ (ပယ်နယ်တီ) FIFA အဆင့်သတ်မှတ်ချက် ကွာခြားလွန်းလှသောပြိုင်ဘက်နှစ်သင်း၏ပွဲကရင်တမမရှိလှပြီး ယခုနှစ်ကမ္ဘာ့ဖလား၏ပထမဆုံးအချိန်ပိုကစားရသောပွဲဖြစ်ခဲ့သည်။ပထမပိုင်းတွင်တစ်ဂိုးစီသရေဖြစ်နေပြီးဒုတိယပိုင်း၌ စပိန်အသင်း ကပိုမိုဖိကစားနိုင်ခဲ့သော်လည်း ရုရှားအသင်း၏ ခိုင်မာသောခံစစ်ကြောင့်အနိုင်ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပိုကစားခဲ့ရသည်။အချိန်ပိုတွင်လည်းရုရှားဂိုးသမားနှင့် နောက်တန်း၏ကာကွယ်နိုင်မှုကြောင့် စပိန် အသင်းမှာရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။...
ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ဆိုင်ရာ အစီအစဉ်တစ်ခုကို မြောက်ကိုရီးယားနိုင်ငံအား အဆိုပြုသွားရန် ရှိကြောင်း အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က ဇူလိုင် ၁ ရက်တွင်ပြောကြားလိုက်သည်
နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Yuzhno-Sakhalinsk မြို့ အရှေ့ဘက် ၁၇၂ကီလိုမီတာ အကွာတွင် ဇူလိုင် ၁ရက် ဂရင်းနစ်စံတော်ချိန် ၂၀း၄၅း၄၂နာရီတွင် ရစ်ချ်တာစကေး ၅.၆ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့က ပြောကြားခဲ့သည်။
ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်း Jessore ခရိုင် တွင် ဇူလိုင် ၁ရက်က လေတပ် တပ်ဖွဲ့ (BAF) မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) ကပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) လက်နက်ကိုင်ဆန့်ကျင်ရေးသမားများက ဇွန်လ ၃၀ ရက်တွင် Upper Nileပြည်နယ်ရှိ မွေးမြူရေးခြံ တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အရပ်သား ၁၆ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ဆူဒန် အစိုးရ စစ်ဘက် ပြောရေးဆိုခွင်ရှိသူက ဇူလိုင် ၁ ရက်တွင်...
နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ Mutsu ဒေသ၏ အရှေ့၊ အရှေ့မြောက် ၇၆ကီလိုမီတာအကွာ တွင် ဇူလိုင် ၁ရက် ၌ ရစ်ချ်တာစကေး ၅.ဝပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းပုဝါ (သို့မဟုတ်) ခမာဘာသာစကားဖြင့် krama သည် ကမ္ဘာ့အရှည်ဆုံးလည်စည်းအဖြင့် ဇူလိုင် ၁ ရက်တွင် ဂရင်းနစ်စံချိန် စာအုပ်၌ မှတ်တမ်းတင်ခံရကြောင်း သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃၅ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်တစ်နိုင်ငံလုံးတွင် ဇွန် ၃၀ရက်က ဆန္ဒပြမှုပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ရာ ၎င်းဆန္ဒပြမှုများ မှာ ထရမ့်အစိုးရ၏ ယခုကာလများအတွင်းဖြစ်ပွားခဲ့သည့် မိသားစုဝင်များအား ခွဲခြားထိန်းသိမ်းခြင်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ကြောင်းသိရသည်။
ဒမတ်စကပ်စ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း Daraa ပြည်နယ်နေရာအမြောက်အမြားရှိ လက်နက်ကိုင် ဆန့်ကျင်ရေးသမားများက အစိုးရနှင့်ပြန်လည်သင့်မြတ်ရန် သဘောတူခဲ့ကြောင်း ဆီးရီးယား စစ်တပ် နှင့် သတင်းအေဂျင်စီများ၏ ဇွန်လ ၃၀ ရက် သတင်းများအရ သိရသည်။