ဝဲလ်လင်တန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နယူးဇီလန် မြောက်ဘက်ကျွန်း South Taranaki ခရိုင်waverleyအနီးတွင် ဇွန် ၂၇ ရက်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နယူးဇီလန် လုံခြုံရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
တိုကျို ၊ ဇွန် ၂၇ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Shizuoka စီရင်စု Hamamatsu မြို့ရှိ မီးပန်းစက်ရုံတစ်ခုတွင် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဂျပန်မီဒီယာများ၏ ပြောကြားချက် အရသိရသည်။
ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် အသည်းကင်ဆာကြောင့် နှစ်စဉ် လူ ၂၀,၀၀၀ ခန့်အသက်ဆုံးရှုံးနေရကြောင်း ဗီယက်နမ်နိုင်ငံ အသည်း နှင့် သည်းခြေ အဖွဲ့အစည်း က ဇွန် ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုဆလမ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မင်းသား ဝီလျံသည် အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) တို့နှင့် ဇွန်လ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာမန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ဂျော်ဒန်တွင် လုံလောက်သည့်ကူညီလက်ခံနိုင်စွမ်းမရှိတော့သောကြောင့် ဆီးရီးယားဒုက္ခသည်များကို ထပ်ပြီးလက်ခံတော့မည်မဟုတ်ကြောင်း ဂျော်ဒန်ဝန်ကြီးချုပ် Omar Razzaz က အောက်လွှတ်တော် ဥက္ကဋ္ဌ Atef Tarawnehနှင့်တွေ့ဆုံပြီးနောက် ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟာဗာနား၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) Maria Emilia Quesada Blanco အမည်ရှိ ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး သည် အသက် ၁၁၇နှစ်အရွယ် တွင် Cienfuegos မြို့ရှိ ၎င်း၏ နေအိမ်၌ ဇွန် ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း...
ကိဗ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ Rivne ဒေသ တွင် ဇွန် ၂၅ရက် ညနေပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၄ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ဇွန် ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၃၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းက ဇွန် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
ဟူစတန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အနောက်မြောက်ဘက် ၃၂၅ကီလိုမီတာ ခန့်အကွာ Gatsville မြို့ရှိ ဆေးရုံတစ်ခု၌ ဇွန် ၂၆ ရက် နေ့လည်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။