Connect with us

Europe

ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မည့်ရွှေ့ဆိုင်းသည့်အချိန်ကို လွှတ်တော်က ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ထရီဇာမေ ဆို

ဖေဖော်ဝါရီ ၂၄ ရက်က အီဂျစ်နိုင်ငံ၌ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မီဒီယာများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

မတ်လ၌ ကျင်းပမည့် လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် Brexit သဘောတူညီချက်ကို ပယ်ချခဲ့မည်၊ သဘောတူညီချက်မဲ့ နုတ်ထွက်ခြင်းကိုလည်း ပယ်ချခဲ့မည်ဆိုလျှင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရန် ရွှေ့ဆိုင်းသည့်အချိန်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မတ်လ ၁၂ ရက် မတိုင်မီ လွှတ်တော်တွင် Brexit သဘောတူညီချက်ကို ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မည်ဟု ထရီဇာမေက ဖေဖော်ဝါရီ ၂၆ ရက်တွင် လွှတ်တော်၌ ကတိကဝတ်ပြုထားကြောင်းသိရသည်။ Brexit သဘောတူညီချက်သည် မဲခွဲဆုံးဖြတ်မှုတွင် အတည်မပြုဘဲပယ်ချခံခဲ့ရပါက ဒုတိယနေ့တွင် သဘောတူညီချက်မဲ့ နုတ်ထွက်မည့်အရေးကို လွှတ်တော်ကထပ်မံမဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းအဆိုကိုလည်း ပယ်ချခဲ့မည် ဆိုပါက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့်အချိန်ကို လွှတ်တော်တွင် ဆက်လက်မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း ထရီဇာမေက ဆိုသည်။

ထရီဇာမေက မိမိအနေဖြင့် ဥရောပသမဂ္ဂမှ ဗြိတိန် တရားဝင်နုတ်ထွက်မည့် မတ်လ ၂၉ ရက်ကို မရွှေ့ဆိုင်းလိုကြောင်း ပြောကြားခဲ့သည။်

လက်ရှိတွင် Brexit သဘောတူညီချက်ပါ အချို့အကြောင်းအရာများကိုပြင်ဆင်ရန် ဗြိတိန်အစိုးရက ဥရောပသမဂ္ဂနှင့် ဆွေးနွေးညှိနှိုင်းဆဲဖြစ်သည်။

Brexit သဘောတူညီချက် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှုကို ဗြိတိန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ရန် နဂိုမူလက သတ်မှတ်ထားသည်။ အဆိုပါမဲခွဲဆုံးဖြတ်မှုကို အချိန်ရွှေ့ဆိုင်းကြောင်းနှင့် မတ်လ ၁၂ ရက် မတိုင်မီ ပြုလုပ်မည်ဖြစ်ကြောင်း ထရီဇာမေက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.