ဝါရှင်တန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဂျိမ်စ်းမက်တစ်က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ပစ်ခတ်မှုများ ပြုလုပ်လာပါက အခြေအနေသည် စစ်ပွဲကြီးထဲသို့လျင်မြန်စွာ ဝင်ရောက်သွားနိုင်ကြောင်း သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ကိယက်ဗ် ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယူကရိန်း နိုင်ငံ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး Oleksandr Turchynov က သြဂုတ်လ ၁၄ ရက်နေ့၌ ယူကရိန်း နိုင်ငံ လုပ်ငန်းကုမ္ပဏီ တစ်ခု မှ မြောက်ကိုရီးယား...
ခတ္တမန္ဒူ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် သြဂုတ် ၁၄ရက် ညနေပိုင်းတွင် လူ၉၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်အရသိရသည်။
တီဟီရန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့သည် ဆီးရီးယားနိုင်ငံအတွင်း နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ နှင့် ပတ်သက်၍ သြဂုတ် ၁၄ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာခရာ ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဆီရာလီယွန် နိုင်ငံ မြို့တော် Freetown နှင့် အနီးတစ်ဝိုက် ဒေသများတွင် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု တို့ဖြစ်ပွားခဲ့ရာ အိမ်ခြေအများအပြား နစ်မြုပ်ခဲ့သောကြောင့် လက်ရှိချိန်တွင်...
မက်ဒရစ် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ရီယဲလ်မက်ဒရစ် ရှေ့တန်းတိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုသည် ပွဲပယ်ပြစ်ဒဏ် ၅ ပွဲ ချမှတ်ခံရကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။
တိုကျို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာစီရင်စုရှိ တောင်ထူထပ်သောနယ်မြေတွင် လေယာဉ်ငယ် တစ်စင်း သြဂုတ်လ ၁၃ ရက်က ပျက်ကျခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။
တီဟီရန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ လွှတ်တော် က သြဂုတ်လ ၁၃ ရက်နေ့၌ အမေရိကန် နိုင်ငံ ၏ အသစ် ထပ် ပြဌာန်း ခဲ့သည့် အရေးယူပိတ်ဆို့မှု ကို တုန့်ပြန်သည့် အနေဖြင့် အီရန် နိုင်ငံ...
အိုဝါဒါဒူဂူ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ဘာကီနာဖာဆိုနိုင်ငံ မြို့တော် အိုဝါဒါဒူဂူမြို့ ရှိ တူရကီစားသောက်ဆိုင် တစ်ခုအား သြဂုတ် ၁၃ရက် ညနေပိုင်းတွင် သေနတ်သမား အုပ်စုတစ်စု က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံးပြီး အခြားလူ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။