ဝါရှင်တန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ် David Rank က တာဝန်မှ နှုတ်ထွက်လိုက်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ဇွန်လ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ အလုပ်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅ဦးသေဆုံးခဲ့ကြောင်း ဇွန် ၅ ရက် ကပြောကြားခဲ့သည်။
ဒမတ်စကက်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Raqqa မြို့ပေါ်သို့ဇွန်လ ၅ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူပေါင်း ၃ဝ ကျော် သေဆုံးသွားကြောင်း အစိုးရလိုလားသည့် al-Watan သတင်းစာမျက်နှာက ရေးသားဖော်ပြသည်။
မော်စကို ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ အနောက်ပိုင်း Tver Oblast ပြည်နယ် တွင် အမျိုးသား တစ်ဦး သည် ဇွန်လ ၄ ရက်နေ့၌ အရက်မူးနေစဉ် အတွင်း အခြားသူများ နှင့် အချင်းများ ပြီး အမဲလိုက်...
အစ္စလာမ်မာဘတ် ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အမျိုးသား လုံခြုံရေး ဌာန အနေဖြင့် နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် အကြမ်းဖက် အဖွဲ့အစည်း ရှင်းလင်းရေး ဆောင်ရွက်ရာတွင် အကြမ်းဖက်သမား ၁၂ ဦးကို...
ဒမက်စကက်စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်အား ဇွန်လ ၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
ရောမ၊ ဇွန် ၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ ရဲတပ်ဖွဲ့ က အီတလီမြောက်ပိုင်း တူရင်းမြို့ တွင် ဇွန် ၃ ရက် ည က လူအုပ်ပိမှုကြီး တစ်ခုဖြစ်ပွားခဲ့ရာ လူ ၁,၅၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဇွန် ၄...
လန်ဒန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) လန်ဒန်မြို့အရှေ့ပိုင်း ဘာ့ကင်းမြို့တွင် ဇွန်လ ၃ ရက် တိုက်ခိုက်မှု နှင့် ဆက်နွယ်နေသည့် လူ ၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Scotland Yard ရဲတပ်ဖွဲ့ကဖော်ပြခဲ့သည်။
မနာမာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံက ၎င်းတို့၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ယနေ့(ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်ကြောင်း ဘာရိန်းသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ရီယက်ဒ် ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံက ၎င်းတို့အနေဖြင့် ကာတာနိုင်ငံ နှင့်သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့( ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်သည်။