Connect with us

Africa & Middle East

ဆူဒန်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် ကလေးငယ် ၂ဦးသေဆုံး၊ လူ ၅၀ဦး ဒဏ်ရာရရှိ

ဆူဒန်ရဲတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခါတုမ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ မြို့တော် Khartoumမြို့ တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၂ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ရက် ကပြောကြားခဲ့သည်။

ဆူဒန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Hashim Abdel-Rahim က ပေါက်ကွဲမှုသည် Jabal Awliya ဒေသတွင် ဇန်နဝါရီ ၂၂ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အချို့မှာ ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း ဇန်နဝါရီ ၂၃ရက်က ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

၎င်းက Jabal Awliya ဒေသရှိ Mayo ရပ်ကွက်၌ ကျင်းပနေသော မင်္ဂလာဆောင်တစ်ခုသို့ လူတစ်ဦးမှ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ပစ်ထည့်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က စုံစမ်းစစ်ဆေးမှုများကြောင့် တရားခံအားဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုအပါအဝင် ထိခိုက်ဒဏ်ရာရစေမှု စွဲချက်များဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။

Rahim က အဆိုပါ ဖြစ်ရပ်အား တရားစီရင်မှု၏ ကြီးကြပ်မှုအောက်တွင် စုံစမ်းစစ်ဆေးနေပြီး သက်သေအထောက်အထားများအရ ပေါက်ကွဲမှု၏ နောက်ခံအကြောင်းရင်းသည် မင်္ဂလာဆောင်နှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.