Connect with us

Africa & Middle East

ပြင်သစ်နိုင်ငံမှ အကြမ်းဖက်မှုများတွင် ငွေကြေးထောက်ပံ့သူအဖြစ် သံသယရှိသူကို မော်ရိုကိုနိုင်ငံတွင် ဖမ်းဆီးရမိ

Mohammed V နိုင်ငံတကာလေဆိပ်တွင် လေယာဉ်တစ်စီးရပ်နားနေမှုအား တွေ့ရစဉ်(အင်တာနက်)

ရာဘတ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို ငွေကြေးထောက်ပံ့သူအဖြစ် သံသယရှိသူ ပြင်သစ်-အယ်လ်ဂျီးရီးယား အမျိုးသားတစ်ဦးကို မော်ရိုကိုနိုင်ငံ အာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်(၃၆)နှစ်အရွယ်ရှိ သံသယရှိသူသည် အယ်လ်ဂျီးရီးယားနိုင်ငံမှ Casablanca မြို့ ရှိ Mohammed V နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလက ၎င်းအား ဖမ်းဆီးရန် ပြင်သစ် တရားစီရင်ရေးက နိုင်ငံတကာဝရမ်းထုတ်ပြန်ခဲ့ပြီး နောက် ၎င်းမှာ ဖမ်းဆီးရန် အလိုရှိသူတစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မော်ရိုကို အာဏာပိုင်များက သံသယရှိသူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိထားမှုကို ပြင်သစ်နိုင်ငံသို့ အကြောင်းကြားထားပြီး တရားခံလွှဲပြောင်းပေးရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.