ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံမှ ရဟတ်ယာဉ်များ ဒုတိယ အသုတ်အနေဖြင့် ထိုင်းနိုင်ငံက ဝယ်ယူသွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ယနေ့ (မတ်လ ၂၆ ရက်) က ပြောကြားခဲ့သည်။
လန်ဒန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Merseyside နယ်မြေရှိ Wirral ကျွန်းဆွယ်တွင် ဓာတ်ငွေ့ ပေါက်ကွဲသည်ဟု ယူဆရသော ပေါက်ကွဲမှု တစ်ခုကြောင့် အဆောက်အဦ တစ်ခုပြိုကျခဲ့ရာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီများက မတ်လ ၂၅ ရက်က သတင်းတင်ပြထားသည်။
ရီယို ဒီ ဂျနေရို၊ မတ် ၂၅ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး အသားထုတ်လုပ်မှုကုမ္ပဏီ ဖြစ်သည့် ဘရာဇီးနိုင်ငံမှ JBS ကုမ္ပဏီက နိုင်ငံအတွင်းရှိ ၎င်း၏ စက်ရုံ ၃၆ခုအနက် ၃၃ခု၏ အသားထုတ်လုပ်မှုအား သုံးရက်ကြာ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု အနီးတွင် မတ်လ ၂၄ ရက် ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမားဟုသံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။
မနီလာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး က ၎င်း၏ တရုတ်နိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်အဖြစ် မေလ၌ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ က ကြီးမှူးကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးညီလာခံသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၄ရက်ကပြောကြားခဲ့သည်။
တီဟီရန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၂၇ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သမ္မတ၏ နိုင်ငံရေးဆိုင်ရာ ဒုတိယဝန်ထမ်းအရာရှိချုပ် က မတ် ၂၃ ရက်တွင် ကြေညာခဲ့ကြောင်း ISNA...
ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ Antwerp မြို့ ရှိ Meir ဈေးဝယ်လျှောက်လမ်း အတွင်းသို့ ကားဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်ရန် ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးအား မတ်လ ၂၃ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဒါကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့လယ် Motijheel စီးပွားရေးခရိုင် ရှိ နိုင်ငံတော်ဗဟိုဘဏ် ၃၁ထပ်တိုက် အဆောက်အအုံတွင် မတ်လ ၂၃ ရက် ညပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
လန်ဒန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့လယ် ဝက်မင်စတာ တံတားအနီးတွင် မတ်လ ၂၂ရက် ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင် အဓိက တရားခံအဖြစ် ရဲတပ်ဖွဲ့ကယူဆထားသူမှာ ခါလစ် မာစွတ် ဆိုသူဖြစ်ကြောင်း Scotland Yard မြို့ပြရဲဋ္ဌာနချုပ် က မတ်လ ၂၃ ရက်တွင်...
ဟနွိုင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသားတို့အတွက် ပထမဆုံး လောင်းကစားရုံအား ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ် Van Don အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံ အကုန်အကျခံ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Quang Ninh ပြည်သူ့ကော်မတီ ကပြောကြားခဲ့သည်။